ကျွန်မတို့ တွေဟာ တစ်နေ့ကို ဆားစားသုံးသင့်တဲ့ ပမာဏထက် ပိုပြီး စားနေကြတယ်ဆိုတယ်ဆိုတာကို သတိမထားမိကြပါဘူး။

ပျမ်းမျှအားဖြင့် လူတစ်ယောက်ဟာ တစ်နေ့ကို ဆား ၄.၃ ဂရမ်ဘဲ စားသုံးသင့်ပေမယ့် အများအားဖြင့် အဲ့ထက်ပိုပြီး စားသုံးနေကြပါတယ်။

ဒါ့ကြောင့် ဆားမပါဘဲနဲ့အရသာရှိတဲ့ ဟင်းလျာတွေကို ချက်ပြုတ်နိုင်တဲ့ နည်းလမ်းကို ဝေမျှချင်ပါတယ်။

အဆင့် ၁

ကိုယ်ချက်မယ့် ဟင်းလျာထဲကို သံလွင်ဆီထည့်ချက်ပါ။ အသုတ်သုပ်ရင်လည်း သံလွင်ဆီလေးထည့်ပြီး သုပ်ပါ။ သံလွင်ဆီနဲ့ တခြား အာဟာရရှိတဲ့ ဆီတွေဖြစ်တဲ့ နှမ်းဆီတို့က အနံ့လေးတွေမွှေးစေပြီး စားချင်စိတ်ကို ဖြစ်စေမှာပါ။ ထောပတ်ကလည်း အရသာတစ်မျိုးကို ပေးစွမ်းနိုင်တာကြောင့် သုံးကြည့်ပါ။ ဆိုဒီယမ်ပါဝင်တဲ့ ပမာဏကိုလျှော့ချချင်ရင် ချိုတဲ့ ထောပတ်သို့ ဆားသိပ်မပါတဲ့ ထောပတ်တို့ကို သုံးသင့်ပါတယ်။

အဆင့် ၂

သံပုရာ သီး (သို့) ရှာလကာရည်တို့က လျှာပေါ်က အရသာခံတဲ့ အဖုလေးတွေကို နိုးဆွစေပြီး ဆားအသုံးပြုမှုနည်းတဲ့ ဟင်းလျာတွေကို အရသာ ရှိစေမှာပါ။ ဆော့စ်တွေ၊ အသီးအရွက်သုတ်တွေနဲ့ ဟင်းသီးဟင်းရွက်တွေ ချက်ပြုတ်ရာမှာလည်း သံပုရာရည် သို့ ရှာလကာရည်ကို ထည့်ချက်လို့ရပါတယ်။

အဆင့် ၃

ဆားလျှော့ပြီး ချက်မယ့် ဟင်းလျာတွေမှာ ငရုတ်ကောင်းကို ထည့်လို့ရပါတယ်။ ပိုပြီးအရသာကောင်းချင်ရင် လတ်လတ်ဆတ်ဆတ် ငရုတ်ကောင်းစေ့ကို ကြိတ်ပြီး ထည့်ပါ။

အဆင့် ၄

ခြောက်သွေ့နေတဲ့ ငရုတ်သီးနဲ့ ငရုတ်ကောင်းမှုန့်ကို သုံးပြီး ကိုယ့်မိသားစု ကြိုက်နှစ်သက်တဲ့ အရသာကို ဖန်တီးလို့ရပါတယ်။ အထူးသဖြင့် အသားဟင်းလျာတွေကို ချက်တဲ့အခါမှာ အသုံးပြုကြပါတယ်။

အဆင့် ၅

ကြက်သွန်နီနဲ့ ကြက်သွန်ဖြူတို့ကို များများသုံးပါ။ ဆားမပါတဲ့အခါမှာ ကြက်သွန်နီနဲ့ကြက်သွန်ဖြူတို့ကို များများသုံးပေးရင် အရသာ ပိုကောင်းစေပါတယ်။

ဒီဆောင်းပါကို ခနောကြက်သားမှုန့်ကနေ ကူညီပံ့ပိုးပေးထားပါတယ်။

ခနောကြက်သားမှုန့်

ခနောကြက်သားမှုန့်ကို ဟင်းလျာထဲကိုထည့်ရင် ဆားထပ်ထည့်စရာမလိုတော့ပါဘူး။

ခနောကြက်သားမှုန့်က သင့်ဟင်းလျာတွေရဲ့ အနံ့ရော၊ အရသာပါထူးကဲအောင် ကူညီပေးနိုင်ပါတယ်။

ခနောကြက်သားမှုန့်ကို ဆား၊ သကြားနဲ့ MSG တို့နဲ့အချိုးကျ ပေါင်းစပ်ထားတာဖြစ်ပါတယ်။ ပြောင်းဖူးနဲ့ ကြံကိုကနေ သဘာဝနည်းလမ်းဖြင့်ပြုလုပ်ထားတဲ့ MSG ၁၉ ရာခိုင်နှုန်းပါဝင်ပြီး ၁၀၀ ရာခိုင်နှုန်းသန့်စင်ပါတယ်။ ဓာတုပစ္စည်းတွေနဲ့ ကျန်းမာရေးကို ထိခိုက်စေတဲ့ ပစ္စည်းတွေမပါဝင်ပါဘူး။

အဲ့ဒီအပြင် ကြက်သားမှုန့် ထုတ်လုပ်စဉ်၊ အခြောက်ခံစဉ်တွေမှာ သဘာဝနည်းအတိုင်း ပြုလုပ်ထားပြီး လူတွေကို အန္တရာယ်ဖြစ်စေတဲ့ ဓာတုပစ္စည်းတွေ၊ ဓာတု ပါဝင်ပစ္စည်းတွေ မသုံးစွဲထားပါဘူး။