ပန်းသီး ရှာလကာရည်က နာတာရှည် ရောဂါတွေဖြစ်တဲ့ ဆီးချို၊ အစာအိမ်ပိုင်းဆိုင်ရာ ရောဂါတွေ စတာတွေအတွက် ကောင်းသလို တခြား ကျန်းမာရေး ကောင်းကျိုးတွေလည်း အများကြီးရှိပါတယ်။

ပန်းသီးရှာလကာရည်ကို တစ်နေ့ကို စားပွဲတင်ဇွန်း ၁ ဇွန်း သောက်သုံးရင် ကိုယ်အလေးချိန် လျော့ကျစေပါတယ်။

အဲ့ဒီအပြင် အသားအရေ၊ ဆံသား နဲ့ ဝက်ခြံတို့အတွက်လည်း ကောင်းပါတယ်။

ပန်းသီး ရှာလကာရည် ကို အိမ်မှာ ဘယ်လိုလုပ်မလဲ

ပါဝင်ပစ္စည်းများ

ပန်းသီးအကြီး ၆လုံး

သကြား ¼ Cup

လေလုံအိတ် ၁ လုံး

သန့်စင်တဲ့ ရေ

ချည်ထည် အဝတ်စ

အဆင့် (၁) ပန်းသီး ၆ လုံးကို ရေဆေးပြီး တောက်တောက်စဉ်းပါ

ပန်းသီး ၆ လုံးကို ရေဆေးပါ။ ပန်းသီးအခွံတွေပါ ပြောင်အောင်ဆေးပါ။ ပန်းသီးကို အလယ်အလတ်ဆိုဒ်လောက် လှီးပေးပါ။ အခွံမခွာပါနဲ့။

အဆင့် ၂ ပန်းသီးကို ဖန်ပုလင်းတစ်လုံးထဲထည့်ပါ

လှီးထားတဲ့ ပန်းသီးတွေကို ဖန်ပုလင်းတစ်လုံးထဲထည့်ပါ။

သကြားရည်ကို လုပ်ဖို့အတွက် သကြားကို ရေ ၂ ခွက်နဲ့ ရောပါ။ သကြားကို ပျော်အောင် ဖျော်လိုက်ပါ။ ပြီးရင် သကြားရည်ကို ဖန်ပုလင်းထဲထည့်လိုက်ပါ။ ပန်းသီးတွေကို သကြားရည် မြှပ်အောင် လုပ်ပါ။

အဆင့် ၃

ရေကို လေလုံအိတ်ထဲထည့်ပြီး ဖန်ပုလင်းထဲ၊ ပန်းသီးတွေ အပေါ်မှာ တင်လိုက်ပါ။

ပန်းသီးတွေက ရေပေါ်ပေါ်လာနိုင်တာကြောင့် ပန်းသီးတွေကို ရေအောက်မှာ အမြဲမြှပ်နေဖို့ လိုအပ်တာကြောင့် လေလုံအိတ်ထဲ ရေထည့်ပြီး ပန်းသီးတွေအပေါ်မှာ ဖိထားရတာပါ။

အဆင့် ၄

ချည်ထည်အဝတ်စ ကို ဖန်ပုလင်းရဲ့ အပေါ်မှာ အုပ်လိုက်ပြီး သွားရေကွင်းနဲ့ စည်းထားလိုက်ပါ။

ခြောက်သွေ့ပြီး၊ မှောင်တဲ့ ၊ အေးတဲ့နေရာမှာ သိမ်းထားပါ။ ၂ ရက်ကနေ ၃ ရက်လောက်နေတဲ့ အခါမှာ ပြန်စစ်ဆေးပါ။ အထဲမှာ ပူဖောင်းလေးတွေ ထွက်လာပါလိမ့်မယ်။ ဒါဆိုရင် အချဉ်ဖောက်တဲ့ လုပ်ငန်းစဉ် စနေပါပြီ။

အဆင့် ၅

၁၇ ရက်လောက် ဒီအတိုင်း သိမ်းထားလိုက်ပါ။ ၁၇ ရက်ကြာရင် ပုလင်းအပြင်ကနေ ပြန်ကြည့်ပါ။ ပြီးရင်နောက်ထပ် ၁၄ ရက် ထပ်ပြီး ထားပါ။ ပုလင်းအပြင်ကနေ ကြည့်ပါ။ နောက်ထပ် ၂၈ ရက်ကြာရင် ပုလင်းအပြင်ကနေ အခြေအနေကို ပြန်စစ်ဆေးပါ။

အဆင့် ၆

ပန်းသီးတွေ အပေါ်ဘက်ကို တက်နေရင် အချဉ်ဖောက်တဲ့ ဖြစ်စဉ်ကို မပြီးဆုံးသေးပါဘူး။ ရက် ၇၀လောက်ကြာလာရင်တော့ အချဉ်ဖောက်တဲ့ ဖြစ်စဉ်က ပြီးသွားလောက်ပါပြီ။ ဒါဆိုရင် ပန်းသီးတွေက ပုလင်းအောက်ခြေမှာ ရောက်နေပါလိမ့်မယ်။

အဝတ်စကို ဖယ်ပြီး ရေထည့်ထားတဲ့ လေလုံအိတ်ကို ဖယ်လိုက်ပါ။ ခုနက သုံးထားတဲ့ အဝတ်စနဲ့ သွားရေကွင်းကို တခြားပုလင်းထိပ်ဝမှာ တပ်လိုက်ပါ။ အဲ့ဒီ ပိတ်စကို ဇကာအဖြစ်သုံးပြီး ပန်းသီးရှာလကာရည်ကို လောင်းထည့်ပါ။

အဆင့် ၆ (ခ)

အဲ့ဒီအရည်ကို ပုလင်းထဲကို ခဏထားလိုက်ပါ။ ပြီးရင် ပိတ်စကို အုပ်လိုက်ပြီး သွားရေကွင်းနဲ့ ပိတ်လိုက်ပါ။ အဲ့ဒီပုလင်းကို အေးပြီး ခြောက်သွေ့တဲ့နေရာမှာ ထားလိုက်ပါ။

အဆင့် ၇

နောက်ထပ် ရက် ၆၀ လောက်သိမ်းထားပါ။ ရက် ၆၀ ပြည့်သွားရင် အဝတ်စကို ဖယ်လိုက်ပြီး အရသာခံကြည့်လိုက်ပါ။ လိုချင်တဲ့ ရှာလကာရည် အရသာရသွားရင် အဆင်ပြေပါပြီ။

အဆင်သင့်မရှိသေးဘူးဆိုရင် ရက် အနည်းငယ်လောက် ထပ်ထားလိုက်ပါ။

အဆင့် ၇ (ခ)

အရသာက အဆင်သင့်ဖြစ်ပြီဆိုရင် ပုလင်းအလွတ်အပေါ်မှာ ပိတ်စခံပြီး အရည်တွေကို လောင်းထည့်လိုက်ပါ။

အိမ်လုပ် ပန်းသီးရှာလကာရည်လေး စားပွဲတင်ဇွန်း ၁ ဇွန်းကို ရေနွေးနွေး တစ်ခွက်နဲ့ ရောပြီး မနက်တိုင်းသောက်ပေးပါ။ ကိုယ်ခံအားနစ်ကို ကောင်းစေပြီး ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေကာ အစာခြေစနစ်ကို အထောက်အကူပြုပါတယ်။

Source: FabHow