စတော်ဘယ်ရီသီးလေးတွေ ထွက်နေပြီနော်။ ဒီလို စတော်ဘယ်ရီသီးလေးတွေ လှိုင်လှိုင်ထွက်နေချိန်မှာ ချောကလက်အုပ်ထားတဲ့ စတော်ဘယ်ရီသီးလေးတွေကို လုပ်စားကြည့်ရအောင်။

ပါဝင်ပစ္စည်းများ

ချောကလက် အမည်း

ချောကလက် အဖြူ

စတော်ဘယ်ရီသီးများ

Chocolate Chips

Chocolate Sprinkles

အရုပ်ပုံစံ သကြားလုံး

အပူခံနိုင်တဲ့ ဇွန်း ၃ ဇွန်း

Almonds စေ့

ဒယ်အိုးပြား တစ်လုံး

အပူခံနိုင်တဲ့ ခွက် ၂ ခွက်

သစ်သားချောင်း

ပလပ်စတစ် အိတ်

ကတ်ကြေး

ပြုလုပ်နည်း

အဆင့် (၁) စတော်ဘယ်ရီသီးများကို ရေဆေးပြီး အခြောက်ခံလိုက်ပါ။

 

အဆင့် (၂)

ဒယ်အိုးပြားထဲမှာ ရေ ၁လက်မလောက်ထည့်လိုက်ပါ။ အပူပေးလိုက်ပါ။ အပူဒဏ်ခံနိုင်တဲ့ ခွက်လေးတွေကို ဒယ်အိုးထဲထည့်ပါ။

အဆင့် (၃)

ဒယ်အိုးထဲက ရေတွေ စပွက်လာပြီဆိုရင် ခွက်ထဲကို ချောကလက်တွေထည့်လိုက်ပါ။ ချောကလက် အမည်းနဲ့ ချောကလက် အဖြူကို ခွဲထည့်ပါ။

အဆင့် (၄)

ချောကလက်တွေ စတင် အရည်ပျော်လာရင် ဇွန်းနဲ့ မွှေပေးပါ။ ချောကလက်တွေ လုံးဝအရည်ပျော်ပြီး ပျစ်သွားရင် မီးဖိုမီးပိတ်လိုက်ပါ။

အဆင့် (၅)

သွားကြားထိုးတံလိုမျိုး အနည်းငယ်ရှည်တဲ့ တုတ်ချောင်းကို စတော်ဘယ်ရီသီး ထဲကို စိုက်သွင်းလိုက်ပါ။

သေသေချာချာ စိုက်သွင်းမပါ။ မဟုတ်ရင် စတော်ဘယ်ရီသီးက ပြုတ်ကျလာနိုင်ပါတယ်။

အဆင့် (၆)

စတော်ဘယ်ရီသီးကို ချောကလက်အမည်းခွက်ထဲထည့်လိုက်ပြီး သုတ်လိုက်ပါ။

တခြား စတော်ဘယ်ရီသီးကိုလည်း ချောကလက် အဖြူခွက်ထဲထည့်ပြီး သုတ်လိုက်ပါ။

အဆင့် (၇)

စတော်ဘယ်ရီသီး တုတ်လေးတွေကို ထောင်လိုက်ပြီး ချောကလက်ကို တစ်လုံးလုံး ဖုံးအုပ်သွားအောင်လုပ်ပါ။

အဆင့် (၈)

ချောကလက် အမည်းသုတ်ထားတဲ့ စတော်ဘယ်ရီသီးကို သကြား ရုပ်ပုံလေးတွေကို ချောကလက်မှာ ကပ်လိုက်ပါ။

အဆင့် (၉)

ချောကလက်အဖြူရောင် အုပ်ထားတဲ့ စတော်ဘယ်ရီသီးကို Chocolate Sprinkles နဲ့ အလှဆင်လိုက်ပါ။

အဆင့် (၁၀)

Chocolate Chips နဲ့လည်း အလှဆင်လိုက်ပါ။

အဆင့် (၁၁)

ထပ်ပြီး အလှဆင်ဖို့ ပလပ်စတစ် အစကိုယူလိုက်ပါ။ ပလပ်စတစ်အစကို ကတော့ ပုံစံလုပ်ထားပြီး ထိပ်ပိုင်းကို ကတ်ကြေးနဲ့ ညှပ်ပါ။ အဲ့ဒီကတော့ ထဲ ချောကလက် အဖြူရောင်ထည့်ပြီး ပုံပါအတိုင်း အလှဆင်လို့ရပါတယ်။

အဆင့် (၁၂)

Almonds စေ့တွေကို လှော်ပြီး အသေးလေးတွေ လှီးလိုက်ပါ။

အဆင့် (၁၃)

Almonds စေ့လေးတွေနဲ့လည်း ပုံပါအတိုင်း အလှဆင်ထားလို့ရပါတယ်။

Photo Credit: FabHow