နာနတ်သီးက ဗီတာမင် ၊ အင်ဇိုင်းနဲ့ Antioxidents တို့ ကြွယ်ဝစွာပါဝင်ပြီး အပူပိုင်းဒေသမှာ အများဆုံးပေါက်ရောက်တဲ့ သစ်သီးတစ်မျိုးဖြစ်ပါတယ်။ ဗီတာမင်စီ ကြွယ်ဝစွာပါဝင်တဲ့ နာနတ်သီးကို ပုံမှန်စားသုံးပေးခြင်းက နှလုံးရောဂါနဲ့ အဆစ်အမြစ် နာကျင်ကိုက်ခဲခြင်းတို့ကို တိုက်ဖျက်ဖို့ ကူညီပေးပါတယ်။ အစာခြေစနစ်ကိုလည်း ကောင်းမွန်စေပြီး သွေးခဲခြင်း ဖြစ်စဉ်ကိုလည်း တားဆီပေးပါတယ်။

အရိုးကျန်းမာရေးအတွက်သာမက မျက်လုံးအားပါ ကောင်းစေတဲ့ နာနတ်သီးကို တစ်လွှာချင်းစီ ပင်ပင်ပန်းပန်းအခွံခွာနေမယ့်အစား လွယ်ကူတဲ့ နည်းလမ်းအသုံးပြုမယ်ဆိုရင် အချိန်ကုန်သက်သာစေမှာပဲဖြစ်ပါတယ်။ ဘယ်နည်းလမ်းလေး အသုံးပြုမလဲဆိုတာကို ဆက်လေ့လာကြည့် လိုက်ရအောင်။

အဆင့် (၁)

အရင်ဦးဆုံး နာနတ်သီးရဲ့ အပေါ်က အမောက်ကို လက်နဲ့ ဖယ်ထုတ်လိုက်ပါ။

အဆင့် (၂)

ပြီးတဲ့အခါ နာနတ်သီးကို ထက်ခြမ်း ခြမ်းလိုက်ပါ။

အဆင့် (၃)

ထက်ခြမ်းခြမ်းထားတာကို ထပ်မံပြီး ထပ်ခြမ်းပြန်ခြမ်းပေးလိုက်ပါ။

အဆင့် (၄)

ထို့နောက် နာနတ်သီးရဲ့ အူတိုင်ကို ဖယ်ရှားပေးလိုက်ပါ။

အဆင့် (၅)

ပြီးရင် နာနတ်သီးရဲ့ ထိပ်ဖျား တစ်ဖက်တစ်ချက်စီကို လှီးထုတ်လိုက်ပါ။

အဆင့် (၆)

ဒီအဆင့်မှာတော့ နာနတ်သီးအခွံကို ဖယ်ရှားပေးလို့ရပါပြီ။

အဆင့် (၇)

ခွာပြီးသွားတဲ့ နာနတ်သီးအသားတွေကို အနေတော်အတုံးရအောင် လှီးပေးလိုက်ပါ။

ကဲ… ဒါဆိုရင်တော့ အရသာရှိတဲ့ နာနတ်သီးကို အပင်ပန်းခံနေစရာမလိုဘဲ ဇိမ်ကျကျ စားသုံးနိုင်ပြီပေါ့။

Source: melissas-cuisine.com