ဂျင်းက မြန်မာဟင်းလျာတွေချက်ပြုတ်ရာမှာ မပါမဖြစ်ပါ။ ဂျင်းပါမှ ဟင်းလျာတွေရဲ့အနံ့အရသာက ပြည့်စုံကောင်းမွန်မှာဖြစ်ပါတယ်။

ဒါပေမယ့် ဂျင်းကို ခွာတဲ့နေရာမှာ ခွာလေ့မရှိရင် လက်ဝင်ပါတယ်။ ဒါပေမယ့် ဇွန်းကို အသုံးပြုပြီးခွာရင်တော့ ဂျင်းကိုအချိန်တိုအတွင်း အနံ့အရသာမပျက်ဘဲ သပ်သပ်ရပ်ရပ် လွယ်လွယ်ကူကူ ခွာလို့ရပါတယ်။

  1. အရင်ဆုံး ဂျင်းကို ကိုယ်လိုချင်တဲ့အရွယ်လောက်ကို လှီးလိုက်ပါ။ ပြီးရင် ဂျင်း အတက်လေးတွေကို ဖယ်လိုက်ပါ။ ဒါမှ ဇွန်းနဲ့ခွာတဲ့အခါမှာ ဂျင်းက ချောမွေ့နေမှာပါ။
  2. ဂျင်းကို လက်တစ်ဖက်နဲ့ကိုင်ပြီး တစ်ဖက်ကို လက်ဖက်ရည်ဇွန်းနဲ့ အခွံကို တဖြည်းဖြည်း ထိုးထည့်ပြီးခွာပါ။

3.ဇွန်းက အခွံထဲရောက်တာများလာတာနဲ့တဖြည်းဖြည်း ကွာကျလာပြီး အလွယ်တကူ ခွာနိုင်သွားပါလိမ့်မယ်။ ဓားတို့ ၊ အသီးအခွံခွာတဲ့ဓားတို့ထက်ပိုပြီး လွယ်ကူ သပ်ရပ်ပါတယ်။

4. ခွာပြီး ချက်ခြင်းမသုံးဖြစ်သေးဘူးဆိုရင် ရေခဲသေတ္တာထဲမှာ သိမ်းထားပါ။