ဘီယာကို ကိုယ့်ရဲ့ အရှေ့မှာ တခြားသူတွေ ဘယ်လို ငှဲ့တာဘဲ တွေ့ဖူးဖူး တကယ်တမ်းကိုယ်တိုင် ပထမဆုံး ငဲု့တဲ့အခါမှာ အဆင်မပြေဖြစ်ဖူးမှာပါ။

အမြှပ်တွေထပြီး ဘီယာ ပါတာနည်းတာ၊ အရသာမကောင်းတာ စတဲ့ အဆင်မပြေဖြစ်တာ ကြုံဖူးကြမှာပါ။

အမြှပ်တွေက ဘယ်လိုဖြစ်လာသလဲ

beer 5

ဘီယာရဲ့ အပေါ်ပိုင်းမှာ ကာဗွန်ဒိုင်အောက်ဆိုဒ် အငွေ့တွေရှိပါတယ်။ အဲ့ဒီ အငွေ့တွေက ရှတတ အရသာကို ပေးစွမ်းတာဖြစ်ပါတယ်။ ကာဗွန်ဒိုင်အောက်ဆိုဒ်က အရည်ထဲမှာ ပျော်ဝင်သွားပါတယ်။ ဘီယာဗူးသို့ ဘီယာ ပုလင်းထဲမှာ ဖိအားပျင်းပျင်းနဲ့ထည့်ထားပါတယ်။ ဒါကြောင့် ပုလင်းသို့ ဘီယာဗူး ဖောက်လိုက်ရင် ဖိအားတွေလျော့ကျသွားကာ ကာဗွန်ဒိုင်အောက်ဆိုဒ် မော်လီကျူးလေးတွေက မျက်နှာပြင်မှာ အမြှပ်လေးတွေ ဖြစ်သွားတာပါ။

တော်တော်များများက ဘီယာရဲ့ အမြှပ်ကို မကြိုက်ကြပါဘူး။ ဒါပေမယ့် အမြှပ်ဖြစ်သွားတဲ့ ကာဗွန်ဒိုင်အောက်ဆိုဒ်ရဲ့ အရသာ ရှတတလေးကို တော့ ကြိုက်ကြပါတယ်။

ဒါ့ကြောင့် ဘီယာ အမြှပ်နည်းအောင် ငုဲ့နိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

ဘီယာမထည့်ခင်မှာ ခွက်ကိုရေ ဆေးပါ

beer 4

သန့်ရှင်းနေတဲ့ခွက်ဖြစ်နေရင်တောင် ရေကျင်းလိုက်ပါ။ ခွက်ထဲမှာ အဆီ ဒါမှမဟုတ် ဆပ်ပြာအကျဉ်းအကျန်လေးတွေရှိနေရင် အရသာကိုထိခိုက်ရုံသာမက အမြှပ်တွေ ပိုထစေပါတယ်။

 

၄၅ ဒီဂရီစောင်းထည့်ပါ

beer 3

ဘီယာကို ခွက်ထဲ ပထမဆုံး စထည့်ရင် ခွက်ကို ၄၅ ဒီဂရီစောင်းထည့်ပါ။ ဒါဆိုရင် ဘီယာက ဖန်ခွက်ထဲကို အမြှပ်နည်းနည်းဘဲ ထပြီး လျှောလျှောလျုလျု ဝင်သွားပါလိမ့်မယ်။

 

ဘီယာခွက်ကို ဖြည်းညှင်းစွာ ထောင်မတ်ပါ

beer 2

ဘီယာက ဖန်ခွက်ထဲကို ပြည့်ခါနီးပြီဆိုရင် ဖြေးညှင်းစွာထောင်မတ်ပါ။ ဒါဆိုရင် အပေါ်မှာ ဘီယာအမြှပ်တွေ နည်းနည်းဘဲ ရှိပါလိမ့်မယ်။

နောက်ဆုံးလက်ကျန်ကို အလယ်တည့်တည့်အပေါ်ကထည့်ပါ

beer 1

ခွက်က ၉ ၀ ဒီဂရီကို ပြန်ရောက်သွားပြီဆိုရင် ပုလင်းထဲ သို့ သံဗူး ထဲမှာ ကျန်တဲ့ ဘီယာကို ခွက်ရဲ့ အလယ်ကို ချိန်ပြီး ခွက်နဲ့ပုလင်း သို့ သံဗူး ကို နည်းနည်းဝေးဝေးထားလိုက်ပါ။ ခွက်နဲ့သံဗူး သို့ ပုလင်းနဲ့ ဝေးလေလေ အမြှပ်ပိုထလေဖြစ်ပြီး နောက်ဆုံး အဆုံးသတ်မှာ ခွက်ထဲမှာ အမြှပ်လေးတွေနဲ့ ဘီယာ အပြည့်ရရှိမှာဖြစ်ပါတယ်။

 

ခေါင်းကိုအတည့်ထားပြီး နှုတ်ခမ်းလေးနဲ့စုပ်သောက်ပါ

beer-science-pour-perfect-glass-beer-every-single-time.w1456

ဘီယာကို အကောင်းဆုံး ငှဲ့ပြီးရင်နဲ့ မပြီးသေးပါဘူး။ ဘီယာကို စသောက်တဲ့ အနေအထားမှန်ဖို့လည်း အရေးကြီးပါတယ်။ ဘီယာရဲ့အပေါ်ပိုင်း အမြှပ်လေးတွေကကာဗွန်ဒိုင်အောက်ဆိုဒ်နဲ့လုပ်ထားတာကြောင့် ရုတ်တရပ် ဘီယာခွက်ကို စောင်းလိုက်တာမျိုးဆို ချက်ချင်း ရေထဲကို အရည်ပျော်သွားတာဖြစ်တတ်ပါတယ်။ ဒါဆိုရင် ဘီယာရဲ့ အရသာအပြည့်အဝကို မရတော့ဘူးပေါ့။

ဒါကြောင့်ခေါင်းကိုအတည့်ထားပြီး ဘီယာခွက်ကိုနှုတ်ခမ်းနားတည့်ပြီး ခွက်ကို ဖြည်းဖြည်းချင်း စောင်းပြီး စုတ်သောက်ပါ။ ဘီယာ အမြှပ်တွေလည်း ကုန်သလောက်ရှိမှ ခွက်တစ်ဝက်လောက်ရောက်ရင် စိတ်ကြိုက်အနေအထားဖြင့် ဆက်သောက်လို့ရပါတယ်။

ဒါပေမယ့် ဒီလိုသောက်နည်းမျိုးကို အများဆုံး ၅၊၆ခွက်လောက်ဘဲ လုပ်နိုင်မှာပါ။

ဘီယာ အရှိန်လေး တက်လာရင်တော့ ၁ ခွက်တည်းကို ၁ချိုင့်တည်းနဲ့တောင် ကုန်အောင်သောက်ကြမှာ သိနေတယ်နော်။