အိမ်တွေရဲ့ ကြားတွေ ဒေါင့်တွေမှာ ပိုးဟပ်ကတော့ တချိန်မဟုတ် တချိန် တွေ့ရပါတယ်။ ပိုးဟပ်တွေ အစားအစာနားလာထားရင် ပိုးဟပ်စော်နံပြီး အစားအစာတွေလည်း လွှတ်ပစ်ရပါတယ်။

ပိုးဟပ် ထိတွေ့ထားတဲ့ အစားအစာတွေ စားသုံးရင် ဝမ်းပျက်ဝမ်းလျောတို့ အစာအဆိပ်သင့်တာတို့လည်း ဖြစ်နိုင်ပါတယ်။

အမြဲတမ်း Insect Killer စပရေး ဗူးတွေနဲ့လည်း မသတ်ချင်သူတွေအတွက် ပိုးဟပ်တွေ ထွက်ပြေးမယ့် အရွက်ရှိပါတယ်။ အဲ့ဒါက ကရေဝေးရွက်ပါ။

bayleavesjar

ကရဝေးရွက်

ကရေဝေးရွက်က ပိုးဟပ်တွေကိုတော့ မသေစေနိုင်ပါဘူး။ ဒါပေမယ့် ကရဝေးရွက်ရဲ့ အနံ့ကို ပိုးဟပ်တွေ မခံနိုင်တာကြောင့် ကရေဝေးရွက် ထားထားတဲ့နေရာမှာ ပိုးဟပ်တွေ မလာပါဘူး။

ဒါကြောင့် ကရဝေးရွက်ကို အိမ်ရဲ့ချောင်ကြိုချော်ကြားတွေ၊ ရေခဲသေတ္တာအနောက်တွေ၊ သိမ်းထားတဲ့ အိုးခွက်ပန်းကန်တွေနားမှာ စတဲ့ ပိုးဟပ်တွေ လာတတ်တဲ့နေရာတွေမှာ ထားထားပေးပါ။

ကရဝေးရွက်အခြောက်ဘဲ ဖြစ်ဖြစ် အစိုဘဲဖြစ်ဖြစ် ထားထားလို့ရပါတယ်။ များများထားလေလေ ပိုးဟပ် မလာလေလေပါဘဲ။

cockroachbayleaves