မျက်နှာပေါ်မှာ အချို့က အမွှေးနုနုလေးတွေ ရှိတတ်ပြီး အချို့ အမျိုးသမီးလေးတွေမှာ နှုတ်ခမ်းမွှေးနေရာနဲ့ ပါးသိုင်းမွှေးတွေ ခပ်ရေးရေး ရှိနေတတ် ပါတယ်။ မျက်နှာမှာပေါက်တဲ့ အမွှေးတွေကို ဖယ်ရှားဖို့ အိမ်မှာ ရှိတဲ့ အစားအစာတွေကို အသုံးပြုလို့ ရပါတယ်။ အခုခေတ်မှာတော့ လေဆာနဲ့ ဖယ်ရှားပေးတာတွေ အမွှေးချွတ်ဆေးတွေနဲ့ ဖယ်ရှားတာ ရှိပေမယ့် မျက်နှာမှာ ဖြစ်တဲ့ အတွက် ဘေးထွက်ဆိုးကျိုး ကြောက်တဲ့လူတွေ အတွက်ကတော့ အသုံးဝင်ပါတယ်။

၁၅မိနစ်အတွင်းမှာပဲ ပြုလုပ်ရမှာဖြစ်လို့ အချိန်သိပ်မကြာသလို လွယ်လည်း လွယ်ကူပါတယ်။ ဒီနည်းလေးဟာ သတ္တုဓာတ်နဲ့ ဗီတာမင်တွေ ပါဝင်တဲ့ အတွက် မျက်နှာအရေပြားကို ထိခိုက်စေမှာ မဟုတ်ပါဘူး။

3-ingredients-will-remove-facial-hair-forever

လိုအပ်တဲ့ ပစ္စည်းများ
– ပျားရည် လက်ဖက်ရည်ဇွန်း ၂ဇွန်း
– အုတ်ဂျုံ လက်ဖက်ရည်ဇွန်း ၁ဇွန်း
– သံပုရာသီး အရည်ညှစ်ပြီးသား လက်ဖက်ရည်ဇွန်း ၂ဇွန်း

ပြုလုပ်ပုံ

ပါဝင်ပစ္စည်းအားလုံးကို ရောမွှေပြီး ဖယ်ရှားချင်တဲ့ နေရာမှာ ၁၅မိနစ်ခန့် အုံပေးပါ။ ၁၅မိနစ်ပြည့်တဲ့ အခါ ရေခပ်နွေးနွေးနဲ့ မျက်နှာသစ်ပေးပါ။

Moisturizer ပါတဲ့ ခရင်မ် နည်းနည်း လိမ်းပေးပါ။ တစ်ပတ်မှာ ၂-၃ ကြိမ် ပြုလုပ်ပေးပါက ၁လအတွင်း သိသာလာပါလိမ့်မယ်။

Source: perfectharmony