တစ်ချို့တွေက ပီကေဝါးတာကို ကြိုက်နှစ်သက်ကြပါတယ်။ တခါတလေမှာ သတိမမူမိတာတွေကြောင့် ဆံပင်မှာ ပီကေကပ်တာမျိုးတွေ ကြုံရလေ့ရှိတတ်ပါတယ်။ စာဖတ်သူတို့ရေ ဆံပင်မှာ ပီကေကပ်ဖူးကြလား။

အဲဒီလိုကပ်သွားတဲ့အခါမှာတော့ ဘယ်လိုဖြေရှင်းလေ့ရှိလဲ။ တစ်ချို့တွေကတော့ ဆံပင်ကို ကပ်ကြေးနဲ့ ကိုက်ပစ်လေ့ရှိကြပါတယ်။ မိန်းကလေးအတွက်တော့ တန်ဖိုးထားရတဲ့ ဆံနွယ်ကို ဖြတ်ပစ်ဖို့ နှမြောစရာကောင်းလှတယ်မဟုတ်လား။

to-remove-chewing-gum-sticking-to-hair-hair-how-to-remove-chewing-gum-adhering-t

လွယ်ပါတယ်။ အသီးအရွက်ကရတဲ့ဆီတစ်ခုခုရှိရင် အလွယ်တကူနဲ့ ဖယ်ရှားလို့ရပါတယ်။ သံလွင်ဆီကို သုံးရင်တော့ ပိုကောင်းပါတယ်။ ဘာလို့လဲဆိုတော့ သံလွင်ဆီက ခေါင်းလျှော်ရည် တော်တော်များများမှာ ထည့်သွင်းအသုံးပြုတာဖြစ်သလို ပီကေရဲ့ စေးကပ်မှုကို လျှော့ကျစေပါတယ်။ တကယ်လို့ သံလွင်ဆီ ဒါမှမဟုတ် ဆီတစ်ခုခုမရှိရင်လည်း ထောပတ် ကို အသုံးပြုလို့ရပါတယ်။

ပြုလုပ်နည်း

sda-omega-3-the-future-of-trans-fat-free-margarine_strict_xxlolive-oil-being-poured-into-a-bowl

ထောပတ် (သို့) သံလွင်ဆီကို ပီကေပေါ်လိမ်းပေးပါ။

အဲဒီနောက် လက်နဲ့ အသာပွတ်ပေးပြီး သွားပွတ်တံနဲ့ ပွတ်တိုက်ပေးပါ။ အဲဒီနောက် မိနစ်အနည်းငယ်ထားပါ။

ဆီဟာ ပီကေထဲကိုစိမ့်ဝင်ပြီး မကြာခင်မှာ ပျော့ပြောင်းလာကာ စေးကပ်မှု နည်းသွားပါလိမ့်မယ်။ အဲဒီနောက် ပီကေကို လက်နဲ့ ဖယ်ရှားပေးပါ။

ပြီးရင် မိမိအကြိုက်ဆုံး ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ချလိုက်ပါ။

ဆံပင်မှာ ပီကေကပ်တာ သာမက တခြားနေရာတွေမှာ ကပ်နေရင်လည်း အခုပြောပြခဲ့တဲ့ နည်းလမ်းလေးနဲ့ ပြုလုပ်လို့ရပါတယ်။