လူသားတွေနေထိုင်နေတဲ့ နေ့စဉ်ဘဝတွေမှာ ရေခဲသေတ္တာတွေကလည်း အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုကနေ ပါဝင်လာပါတယ်။ နို့၊ အသီးအနှံများ၊ ဟင်းသီးဟင်းရွက်များ သို့မဟုတ် အသင့်စားအစားအစာများ၊ ရေခဲတုံးများ စတာတွေကို တနေရာတည်းမှာ စုဝေးသိမ်းဆည်းထားနိုင်တဲ့ ရေခဲသေတ္တာဟာ တခါတလေမှာ အနံ့ဆိုးတွေစွဲကျန်ရစ်နေနိုင်ပါတယ်။

အဲ့လိုအနံ့ဆိုးတွေက အခြားအစားအသောက်တွေကိုပါ အနံ့အသက်ဆိုးရွားသွားစေနိုင်လို့ အလွယ်တကူဖယ်ရှားနိုင်မယ့်နည်းလမ်းကောင်းလေးတွေကို စုစည်းတင်ဆက်ပေးလိုက်ရပါတယ်။

မုန့်ဖုတ်ဆိုဒါ

ရေခဲသေတ္တာအတွင်းတွင် မုန့်ဖုတ်ဆိုဒါထားရှိပေးခြင်းက အနံ့ဆိုးတွေကိုစုပ်ယူပေးနိုင်ပါတယ်။ ပန်းကန်လုံးတစ်လုံးထဲတွင် မုန့်ဖုတ်ဆိုဒါထည့်ပြီး ၅ နာရီမှ ၆ နာရီကြာအောင် တံခါးပိတ်ထားပေးပါ။ အချိန်ပြည့်သွားလျှင် သွန်ပစ်လိုက်ပြီး ရေခဲသေတ္တာအတွင်း ပစ္စည်းများပြန်လည်ထည့်သွင်းနိုင်ပါပြီ။

ကော်ဖီမှုန့်များ

လတ်လတ်ဆတ်ဆတ်ကြိတ်ခြေထားသော ကော်ဖီမှုန့်များသည် ရေခဲသေတ္တာအတွင်းရှိ အနံ့ဆိုးတွေကိုဖယ်ရှားနိုင်ရုံသာမက ကော်ဖီရဲ့သင်းရနံ့စွဲကျန်နေအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ နှစ်ရက်၊ သုံးရက်ကြာအောင်ထားရှိပြီးပါက အနံ့ဆိုးတွေလည်းထွက်သွားကာ မွှေးရနံ့သင်းကျန်နေစေမှာဖြစ်ပါတယ်။

သံပယိုသီး

သံပယိုရဲ့ အချဉ်နံ့လေးက လတ်ဆတ်သင်းပျံ့တဲ့မွှေးရနံ့ကိုဖြစ်စေတာကြောင့် အနံ့ဆိုးကိုဖယ်ရှားရန်သာမဟုတ်ဘဲ အစွန်းအထင်းတွေ၊ သစ်သားစဉ့်တီတုံးများကို သန့်ရှင်းတဲ့အခါမှာလည်း အသုံးပြုနိုင်ပါတယ်။ အစိတ်လေးတွေလှီးပြီး ရေခဲသေတ္တာအတွင်းက စင်တွေမှာလိုက်လံထားရှိပြီး အချိန်ကြာတိုင်း အသစ်လဲလှယ်ပေးနိုင်ပါတယ်။

ရှာလကာရည်

ပန်းကန်လုံးတစ်ခုထဲကို ရှာလကာရည်အကြည်အတန်ငယ်လောင်းထည့်ကာ ရေကိုလည်းအချိုးအစားညီညီပေါင်းထည့်ပြီး သေချာမွှေပေးပါ။ ရေခဲသေတ္တာအတွင်း သုံးလေးရက်ထားရှိပေးခြင်းဖြင့် အနံ့ဆိုးဖယ်ရှားပေးနိုင်သလို ရေခဲသေတ္တာသန့်ရှင်းလေးလုပ်ရန်အတွက်လည်း အသုံးပြုနိုင်ပါတယ်။

အုတ်ဂျုံမှုန့်

အုတ်ဂျုံမှုန့်များကို ပန်းကန်လုံးတစ်လုံးအတွင်းထည့်သွင်းပြီး ရေခဲသေတ္တာထဲ လေးငါးရက်ထားရှိပေးခြင်းဖြင့် အနံ့ဆိုးတွေကိုဖယ်ရှားပစ်နိုင်ပါတယ်။ အချိန်တိုင်းလည်းထားရှိပေးနိုင်ပြီး အမြဲသတိတရနှင့် အသစ်လဲလှယ်ပေးပါ။

Credits : Beauty and Archives – Fab How