Super Glue ကိုသုံးပြီးရင် အများအားဖြင့် လက်မှာ ကပ်ကျန်ခဲ့တာများပါတယ်။  Super Glue က ကပ်အားကောင်းတဲ့ ကော်ဖြစ်တာကြောင့် အလွယ်တကူ ခွာလို့မရပါဘူး။ အရမ်းခွာရင်လည်း အရေပြားတွေစုတ်ပြဲကုန်ပါတယ်။

ရေနွေးနွေးကို သုံးပါ

ခွက်ထဲကို ရေနွေးနွေးလောင်းထည့်လိုက်ပါ။ ခုနက Super Glue ကပ်မိတဲ့ လက်ကို ရေနွေးနွေးထဲမှာ ၁၀ မိနစ်လောက် စိမ်ထားပါ။ တကယ်လို့ Super Glue ကပ်တဲ့ ခန္ဓာကိုယ်ရဲ့နေရာက အလွယ်တကူ ရေထဲထည့်စိမ်လို့မရရင် အဝတ်စကို ရေနွေးထဲ စိမ်လိုက် ကော်ကပ်တဲ့နေရာမှာ ပွတ်လိုက် လုပ်ပါ။

စားပွဲတင်ဆားထပ်သုံးပါ

အဲ့လို စိမ်နေတုန်းမှာ စားပွဲတင်ဆားကို ကော်ကပ်နေတဲ့ လက်ပေါ်မှာတင်ပြီး ပွတ်ပါ။ ၁ မိနစ်လောက်ဆက်တိုက်ပွတ်ပါ။ ပြီးရင် ရေနွေးထဲမှာ ၁ မိနစ်၊ ၂ မိနစ်လောက် ထပ်စိမ်ပါ။ ဒါဆိုရင် ကော်ကတဖြည်းဖြည်းချင်း ကွာလာပါလိမ့်မယ်။

အရက်ပြန်လည်းသုံးလို့ရ

Super Glue ကပ်မိတဲ့နေရာကို ရေနွေးနဲ့ ဆေးလိုက်ပါ။ ဆေးတဲ့အချိန်မှာ ဆပ်ပြာသုံးရင် ပိုကောင်းပါတယ်။ ဂွမ်းမှာ အရက်ပြန်စွတ်လိုက်ပြီး ၁ မိနစ်လောက် ကော်ကပ်ခံထားရတဲ့နေရာကို ပွတ်တိုက်ပါ။ ဒါဆိုရင် ကော်က တဖြည်းဖြည်းချင်း ကွာလာပါလိမ့်မယ်။

Photo Credit: fab HOW