ဖရဲသီးကို လှလှပပနဲ့ လှီးဖြတ်ချင်သူများအတွက် နည်းလမ်းကောင်းလေးတစ်ခု ဝေမျှပေးချင်ပါတယ်။ ထိုနည်းလမ်းကတော့ ပန်းပွင့်ပုံသဏ္ဍာန် ပုံဖော်အလှဆင်နည်းလေးပဲဖြစ်ပါတယ်။

ဖရဲသီးအပြင် Grapefruit သီးနဲ့ စပျစ်သီးနည်းငယ်တော့ လိုအပ်ပါလိမ့်မယ်။ ပန်းပွင့်ပုံသဏ္ဍာန် ပုံဖော်ပြီးသွားပြီဆိုရင်တော့ မွေးနေ့ပါတီပွဲတွေ ပြုလုပ်တဲ့အခါ (သို့) ညစာစားပွဲတွေ တည်ခင်းဧည့်ခံတဲ့နေရာမှာ လှလှပပနဲ့ တည်ခင်းဧည့်ခံနိုင်ပြီပေါ့။

၁။ အရင်ဦးဆုံး ဖရဲသီးကို ထက်ခြမ်း လှီးဖြတ်လိုက်ပါ။ ဒီလိုပန်းပွင့်ပုံဖော်ဖို့အတွက်ဆိုရင်တော့ ဖရဲသီးတစ်ခြမ်းပဲ အသုံးပြုရုံနဲ့တင် လုံလောက်ပါတယ်။

၂။ ထို့နောက် ဖရဲသီးတစ်ခြမ်းကို မှောက်ခုံလှန်လိုက်ပြီး ဖရဲသီးထိပ်ပိုင်းကို ကန်တော့ပုံသဏ္ဍာန် လှီးထုတ်လိုက်ပါ။

၃။ ထို့နောက် ဖရဲသီးထိပ်ပိုင်းကနေပြီး စောင်းစောင်းလေး လှီးဖြတ်လိုက်ပါ။

၄။ အားလုံး လှီးဖြတ်ပြီးတဲ့အခါမှာတော့ မိမိအသုံးပြုမယ့် ဖန်ခွက်အမျိုးအစားပေါ် မူတည်ပြီး ဖရဲသီးရဲ့အဝကို နည်းနည်းဖြန့်ပေးလိုက်ပါ။

၅။ ထို့နောက် ဖရဲသီးရဲ့အလယ်တည့်တည့်ကို ဝိုင်ပုလင်း (သို့) ဖန်ခွက်တစ်ခု ထည့်ထားလိုက်ပါ။

၆။ ထို့နောက် ဖန်ခွက်ရဲ့နှုတ်ခမ်းသားလေးကို လိမ္မော်သီး (သို့) Grapefruit သီးဖြင့် အလှဆင်ထားလိုက်ပါ။

၇။ ဖန်ခွက်ထဲကိုတော့ စပျစ်သီး (သို့) ချယ်ရီသီး (သို့) မိမိကြိုက်နှစ်သက်ရာ အသီးတစ်မျိုးမျိုး ထည့်ထားလိုက်ပါ။

ဒါဆိုရင်တော့ ပါတီစားပွဲပေါ်မှာ လှလှပပအလှဆင်နိုင်တဲ့ ပန်းပွင့်ပုံ ဖရဲသီးလေး ရရှိသွားပါပြီ။

Source: Galainthekitchen.com