အခုနောက်ပိုင်း ကမ္ဘာအရှေ့ဘက်ခြမ်းက အစားအစာတွေကို ကမ္ဘာအနောက်ဘက်ခြမ်းက စားသုံးနေကြပါပြီ။ ဒါပေမယ့် တစ်ချို့ အစားအစာတွေက အရည်အသွေးမကောင်းတာ၊ အတုတွေလည်းဖြစ်နေတတ်ပါတယ်။

ဒါကြောင့် ရွေးချယ်ရာမှာ သတိထားရမယ့် နည်းလမ်းတွေကို ဝေမျှချင်ပါတယ်။

သစ်ကြမ်းပိုးခေါက်

သစ်ကြမ်းပိုးခေါက် (Cinnamon) က အသားလေးတွေ ပါးပြီး အနား ၂ ဖက်လုံးက လိပ်ဝင်နေကြပါတယ်။

Chinese Cassia နဲ့ မှားလေ့ရှိပါတယ်။ Chinese Cassia က အသားထူပြီး အနား ၁ ဖက်တည်း လိပ်ဝင်နေတာပါ။

သစ်ကြမ်းပိုးခေါက် အမှုန့်ကို စမ်းချင်ရင်လည်း အမှုန့်ထဲကို အိုင်အိုဒင်းတစ်စက်လောက် ထည့်လိုက်ပါ။ ပြာသွားရင် သစ်ကြမ်းပိုးခေါက်မဟုတ်ဘဲ Chinese Cassia ဖြစ်ပါတယ်။

ငရုတ်ကောင်းအမည်း

15379160-3319010-5235-0-1501542887-0-1501562159-0-1501583708-1501583715-0-1501837372-0-1501849347-1501849374-650-1-1501849374-650-22f046d1bf-1501873842

ငရုတ်ကောင်းအမည်းမှာ မျက်နှာပြင် အစေ့က မညီမညာ အရေးအကြောင်းတွေနဲ့ ဖြစ်ပြီး အရွယ်အစားက ၃ ကနေ ၅ မီလီမီတာ ရှိပါတယ်။ အညိုရောင် ဖြစ်ပါတယ်။

အဖြူရောင် ငရုတ်ကောင်း

အဖြူရောင် ငရုတ်ကောင်းက ကော်ဖီ အရောင်ဖြစ်ပြီး အခွံလည်း မပါပါဘူး။

ဂျင်း15379210-3319510-421511-0-1501542535-0-1501562219-0-1501584105-1501584111-0-1501837623-0-1501849559-1501849565-650-1-1501849565-650-22f046d1bf-1501873842

ဂျင်းမျိုးကောင်းတစ်ခုက အခွံပါးပြီး အသားပြည့်ကာ အဝါနုရောင်သန်းနေတာဖြစ်ပါတယ်။ ဂျင်းက နုနုလေးတွေက ပိုကောင်းတာကြောင့် အတက်သေးသေးလေးတွေ ပါနေပြီဆိုရင်တော့ နည်းနည်းရင့်နေပါပြီ။

နနွင်း15379260-3319960-6607735325-0-1501542387-0-1501562286-0-1501584364-1501584370-0-1501838021-0-1501849937-1501849942-650-1-1501849942-650-22f046d1bf-1501873842

နနွင်းတောင်မှ အတုအပတွေ ထွက်ရှိနေပါတယ်။ တချို့ အမှုန့်တွေကို အရောင်ဆိုးပြီး နနွင်းလုပ်လာတာတွေရှိပါတယ်။ နနွင်းအစစ်ဟုတ်မဟုတ်ကို သိချင်ရင် အမှုန့်ကို ရေထဲထည့်ဖျော်ကြည့်ပါ။ ရေပေါ်မှာ အဖြူရောင် အဖတ်လေးတွေ ပေါ်လာရင်တော့ သဘာဝနည်းဖြင့်လုပ်တဲ့ နနွင်း မဟုတ်ပါဘူး။

နနွင်းထုတ်တဲ့ Cucumin ပင်စည်က အဝါရောင်သို့မဟုတ် လိမ္မော်ရောင်ရှိပါတယ်။ အခွံကပါးပြီး အရောင်တောက်တောက်ရှိပါတယ်။ ပင်စည်က မပျော့ပါဘူး။