ကဲ…ဒီတစ်ခါတော့ အိမ်မှာသားသားမီးမီးလေးတွေရှိတဲ့မေမေတွေ ညီ ညီမလေးတွေရှိတဲ့ မမတွေအတွက် အရသာလည်းရှိ ချစ်စရာလည်းကောင်းတဲ့ ချောကလက်ချစ်ပ်ကွက်ကီးလေးတွေကို cereal ပုံစံ အဆာပြေ(yummy food)လေးတွေအဖြစ် သားသားမီးမီးလေးတွေအကြိုက် ဘယ်လို အရသာရှိအောင် လုပ်စားမလဲဆိုတာကို ပြောပြပေးသွားမှာဖြစ်ပါတယ်။

ကျော်ကြားတဲ့ food blogger တစ်ယောက်ဖြစ်တဲ့ Justin Schuble ဟာ အရသာအသစ်အနေနဲ့ ချောကလက်ချစ်ပ်ကွက်ကီးလေးတွေကို cereal ပုံစံ အဆာပြေ(yummy food)လေးတွေအဖြစ် ပြောင်းလဲထီထွင်စားသောက်ခဲ့ပုံကို သူ့လူမှု့ကွန်ရက်မှာ ချပြခဲ့ပြီးတဲ့နောက် လူတွေဟာလည်း အိမ်မှာ သူတို့ကိုယ်ပိုင်အရသာအသစ်အနေနဲ့ ချောကလက်ချစ်ပ်ကွက်ကီးလေးတွေကို cereal ပုံစံ နွားနို့နဲ့ တွဲဖက်ပြီး အရသာအမျိုးမျိုးကို ပုံစံအမျိုးမျိုးနဲ့ တီထွင်စားသုံးလာခြင်းဟာ လူမှု့ကွန်ရက်မှာ လူသိများ လာပါတယ်. အဲ့ဒါကြောင့် အရသာလည်းရှိ ချစ်စရာလည်းကောင်းတဲ့ ချောကလက်ချစ်ပ်လေးနဲ့ အဆာပြေမုန့်လုပ်ပုံလေးတွေထဲကလုပ်နည်းလေးတစ်ခုကိုလည်း သားသားမီမီးလေးတို့အကြိုက်ဖြစ်အောင် တင်ပြလိုက်ပါတယ်နော်….

ပါ၀င်ပစ္စည်းတွေကတော့…
• Baking powder မရောထားတဲ့ ဂျုံမှုန့် (၂ခွက်)
• Baking powder (မုန့်ဖုတ်ပေါင်ဒါ) (လက်ဖက်ရည်ဇွန်းတစ်ဝက်)
• Baking soda (လက်ဖက်ရည်ဇွန်းတစ်ဝက်)
• ဆား( လက်ဖက်ရည်ဇွန်းတစ်ဝက်)
• ဆားမပါတဲ့ ထောပတ်သီးသန့် (ခွက်တစ်ဝက်ခန့်)
• သကြားဖြူ white granulated sugar (ခွက်တစ်ဝက်ခန့်)
• သကြားအညို dark brown sugar (ခွက်တစ်ဝက်ခန့်)
• ကြက်ဉကြီးကြီးတစ်လုံး
• Vanilla အရည် (လက်ဖက်ရည်ဇွန်းတစ်ဝက်)
• Heavy cream (အဆီပါပြီး ရောမွှေလို့ရတဲ့ ခရင်) (စားပွဲတင်ဇွန်း၂ဇွန်းခန့်)
• ချောကလက်ချစ်ပ် အတုံးငယ်လေးတွေ (၂ခွက်ခန့်)
• Sprinkles အ‌ရောင်စုံသကြားခဲလေးတွေ (အနည်းငယ်ခန့်)

ကွက်ကီး(cereal) မုန့်နှစ်လုပ်နည်းလေးကိုကြည့်ရအောင်နော်…
• ဂျုံမှုန့်/ ဆား/ baking powder/ baking soda တို့ကိုပန်းကန်လုံးတစ်ခုထဲမှာထည့်ပြီးရောမွှေပါ.
• သကြား နဲ့ ထောပတ်တို့ကို မွှေစက်ကိုသုံးပြီး ၂ သို့ ၃ မိနစ်ခန့်ကြာအောင်မွှေပေးပါ.
• အဲ့နောက် ကြက်ဉတစ်လုံးရယ် heavy cream နဲ့ vanilla တို့ကိုပါ ရောထည့်၍ ထပ်မွှေပေးပါ.
• အသင့်အနေအထားရပြီးဆိုလျှင် နယ်ပြီးသားဂျုံကိုပါ ထည့်၍ ရောသမအောင်ထပ်နယ်ပေးပါ.
• မုန့်နှစ်အဆင်သင့်ဖြစ်ပြီးဆိုရင် လက်ဖက်ရည်ဇွန်းခွက်ကလေးနဲ့ အသေးစား mini cookies ပုံလေးဖော်နိုင်ပါပြီ. Mini cookies လေးတွေကို မုန့်ဖုတ် စက္ကူ (parchment paper) လေးပေါ် တင်ပြီး sprinklesရောင်စုံလေးတွေနဲ့ချောကလက်ချစ်ပ်အတုံးငယ်လေး တွေကိုပါထည့်ပြီး အလှဆင်ပြီးနောက် ရေခဲသေတ္တာ သို့ freezer ထဲမှာ မိနစ် ၂၀ သို့ ၃၀ ခန့် အအေးခံထားပေးပါ.

• အအေးခံပြီးသားကွက်ကီလေးတွေရပြီဆိုပါက Oven ကို (350°F) လောက် အပူပေးထားပြီး (၈ သို့ ၁၀) မိနစ်ခန့် ဖုတ်ပေးပါက အနံ့အရသာနဲ ပြည့်စုံပြီး သားသားမီးမီးတို့ ကြိုက်မယ့် ချောကလက်ချစ်ပ် ကွက်ကီးလေးတွေရနိုင်ပါပြီ။

• ထို့နောက် ကြိုက်နှစ်သက်မယ်ဆို(cereal)လိုပဲ နွားနို့နဲ့ရောပြီး သားသားမီးမီးတို့အတွက် မနက်စာအဖြစ်လည်းစီစဉ်ပေးနိုင်ပါတယ်နော်…

Source: Brightside.me