သကြားတွေက သွေးအတွင်း ကိုလက်စထရောဓာတ်တွေမြင့်မားစေပြီး နှလုံးလမ်းကြောင်းဆိုင်ရာရောဂါတွေကို ဖြစ်စေတတ်ပါတယ်။ အဲ့ဒီအပြင် သကြား စားသုံးမှုများလာရင် အိုမင်းရင့်ရော်စေပြီး၊ ခန္ဓာကိုယ်အတွင်း ရောင်ရမ်းမှုတွေဖြစ်စေကာ စိတ်ဓာတ်ကျမှုကိုလည်း အားပေးပါတယ်။

အခုနောက်ပိုင်း အနောက်နိုင်ငံတွေမှာဆိုရင် သကြားကိုလျှော့စားကြပြီး အချိုဓာတ်ရဖို့ ပျားရည်ကို သုံးစွဲလာကြပါတယ်။

အထူးသဖြင့် အသားဟင်းတွေချက်တဲ့ နေရာမှာလည်း ပျားရည်ကို သုံးသင့်ပါတယ်။ ပျားရည်က အသားထဲကို အရသာ စိမ့်ဝင်နိုင်တာကြောင့် အရသာ ပိုရှိပါတယ်။  ဟင်းလျာတွေချက်တဲ့နေရာအပြင် မုန့်ဖုတ်တာတွေ၊ ပေါင်မုန့်ဖုတ်တဲ့နေရာတွေမှာလည်း ပျားရည်ကို သုံးသင့်ပါတယ်။

ဒါပေမယ့် သကြားနဲ့ ပျားရည်ရဲ့ ဂုဏ်သတ္တိတွေက တူညီတာမဟုတ်လို့ ဟင်းချက်တဲ့နေရာမှာ အခက်အခဲတွေ ရှိပါတယ်။ ဒါကြောင့် ပျားရည်ကို ဟင်းချက်တဲ့နေရာမှာ ထည့်သုံးနိုင်တဲ့ နည်းလမ်းလေးတွေကို ဝေမျှချင်ပါတယ်။

ပျားရည်ကို ဆေးဖြစ်ဝါးဖြစ် ဘယ်လိုသုံးမလဲ

  • ပျားရည်က သကြားထက်ပိုချိုပါတယ်

ပျားရည်က သကြားထက် ၂ ဆလောက် ပိုချိုလေ့ရှိပါတယ်။ ဒါကြောင့် သကြားထည့်တဲ့ပမဏာထက် တစ်ဝက်လောက်လျှော့ပြီး ပျားရည်ကို သုံးသင့်ပါတယ်။

  • ပျားရည်က ရေပိုထွက်တယ်

ပျားရည်နဲ့ ဟင်းချက်မယ်ဆိုရင် ရေကို ခါတိုင်းထည့်နေကျ ပမာဏထက် ၄ပုံ ၁ပုံလောက် လျော့ထည့်ပေးပါ။

  • Oven အပူချိန်ကို အနည်းငယ်လျော့ထားပါ။

ပျားရည်က သကြားထက် ပျော်ဝင်နိုင်မှု ပိုမြန်တာကြောင့် Oven နဲ့ချက်ရင် ၂၅ ဒီဂရီ အပူချိန်လောက်ဘဲ ထားပြီး ချက်ပေးပါ။

  • ပျားရည်သုံးပြီး ယို၊ ဂျယ်လီနဲ့ သကြားလုံးတို့ လုပ်မယ်ဆိုရင်

ပျားရည်မှာ အရည်ဓာတ်ပါရှိတာကြောင့် အပူချိန်ကို အနည်းငယ်တင်ပြီး အရည်တွေကို ခမ်းခြောက်အောင် လုပ်ပါ။

ပျားရည်ကို ဆေးဖြစ်ဝါးဖြစ် ဘယ်လိုသုံးမလဲ

ပျားရည်မှာ ရေဓာတ်တွေ၊ ဗီတာမင်တွေနဲ့ သတ္တုဓာတ်တွေပါဝင်ပါတယ်။ ဒါ့ကြောင့် ပျားရည်မှာဆိုရင် အချိုဓာတ်က ၈၂ ရာခိုင်နှုန်းဘဲ ပါဝင်ပြီး သကြားကတော့ ၉၉.၉၉ ရာခိုင်နှုန်းပါဝင်ပါတယ်။ ပျားရည်က သကြားထက်စာရင် ကယ်လိုရီပါဝင်မှုနည်း ပိုနည်းပါတယ်။ ဒါကြောင့် သကြားလောက်တော့ ကိုယ်အလေးချိန် မတက်စေပါဘူး။

ပျားရည်ကို ဆီးချိုရှိသူတွေလည်း စားသုံးနိုင်တယ်လို့ တချို့ သုတေသနပြုချက်တွေမှာဖော်ပြထားပါတယ်။ ပျားရည်ဟာ သွေးတွင်းသကြားဓါတ်ပါဝင်မှု တက်မလာအောင် ထိန်းချုပ်ပေးနိုင်ပါတယ်။ ဒါပေမယ့် အကန့်အသတ်နဲ့တော့ စားပေးသင့်တယ်လို့ ဆရာဝန်တွေက အကြံပြုကြပါတယ်။

ပျားရည်ကို ဆေးဖြစ်ဝါးဖြစ် ဘယ်လိုသုံးမလဲ

ပျားရည်ဝယ်မယ်ဆိုရင်

Myanmar Honey Farms Co., Ltd. ကထုတ်လုပ်တဲ့ ၁၀၀% ပျားရည်စစ်စစ် ထုတ်ကုန်တွေကို နိုင်ငံတကာစံချိန်စံညွှန်းတွေနဲ့အညီ ထုတ်လုပ်ပေးထားပြီးတော့ ပြည်တွင်းဈေးကွက်အပြင် နိုင်ငံခြားဈေးကွက်တွေဖြစ်တဲ့(Japan, USA, EU) နိုင်ငံတွေကိုလည်း ရောင်းချပေးနေပါတယ်။ FDA, Halal, ISO, HACCP, GMP စတဲ့ အစားအသောက်ထုတ်လုပ်မှုဆိုင်ရာ ထောက်ခံချက်လက်မှတ်တွေကိုလည်း ရရှိထားတဲ့အပြင် စားသုံးသူများ ဘေးဥပါတ်ကင်းစေရန် Germany နိုင်ငံရှိ နာမည်ကြီး Intertek Lab တွင် ပုံမှန်စစ်ဆေးများပြုလုပ်ထားသော ထုတ်ကုန်တွေဖြစ်ပါတယ်။ Myanmar Honey Farms Co., Ltd. ကနေ ထုတ်လုပ်တဲ့ PURE HONEY (1000G, 200G) နှင့် Mouth Khakabo (420g)တွေကို မြန်မာနိုင်ငံမြို့ကြီးတွေမှာရှိတဲ့ City Mart, Ocean, Market Place, Capital, Gandamar, Orange, Sein Gay Har, Gamone Pwint, Victoria, Super One, One Stop Mart, Pro Mart, Go Green, City Express စတဲ့ဆိုင်ကြီးတွေအပြင် Modern Trade ဆိုင်ကြီးတွေနဲ့ အခြားစတိုးဆိုင်တွေ၊ လက်လီဆိုင်တွေမှာလည်း ၀ယ်ယူရရှိနိုင်ပါတယ်။ 100% စစ်မှန်တဲ့ ပျားရည်စစ်စစ်ကိုမှ စားသုံးချင်သူတွေအတွက် ရွေးချယ်စရာ Healthy Food တစ်မျိုးဖြစ်တဲ့ ပျားရည်ကို မိတ်ဆက်ပေးလိုက်ပါတယ်။