အာလူးထဲမှာ ဆံပင်သန်စွမ်းဖို့အတွက် ကူညီပေးတဲ့ ဗီတာမင်ဘီ၊ ဗီတာမင် စီ၊ ဇင့်နဲ့ သံဓာတ်တို့ ကြွယ်ဝစွာပါဝင်ပါတယ်။ အာလူးက ဦးရေပြားကို သန့်စင်ပေးပြီး ဆံကေသာအမြစ်ရှိမွှေးညှင်းပေါက်များကို အားဖြည့်ပေးပါတယ်။ ဗောက်ထခြင်း၊ ဆံပင်ကျွတ်ခြင်းတို့မှ ကာကွယ်ပေးပြီး ဆံကေသာ ပျော့ပျောင်းတောက်ပြောင်အောင်လည်း ကူညီပေးပါတယ်။

ဒါဆိုရင် ဆံကေသာ ထူထဲပြီး အရှည်မြန်ဖို့အတွက် အာလူးအရည်ကို ဘယ်လိုအသုံးပြုရမလဲဆိုတာကို ဆက်လေ့လာကြည့်လိုက်ရအောင်။

အာလူးအရည်ရရှိအောင် ပြုလုပ်နည်း

အာလူးတစ်လုံးကို ရေဆေးပြီး အခွံခွာထားလိုက်ပါ။ အာလူးကို အတုံးခပ်သေးသေးတုံးပြီးနောက် သစ်သီးဖျော်စက်ထဲထည့်ကာ အနှစ်များရအောင် မွှေလိုက်ပါ။ ရရှိလာတဲ့အနှစ်က ပျစ်နေတယ်ဆိုရင် ရေအနည်းငယ် ရောပေးလိုက်ပါ။ ထို့နောက် အာလူးအနှစ်များကို အဝတ်စသန့်သန့်လေးထဲထည့်ပြီးနောက် ထိုအဝတ်စကို အာလူးအရည်များရရှိလာအောင် ညှစ်ပေးလိုက်ပါ။ ဒါဆိုရင်တော့ ဆံကေသာအလှအပအတွက် အသုံပြုနိုင်တဲ့ အာလူးအရည်လေး ရရှိသွားပါပြီ။

ထိုအာလူးအရည်ကို အခုဖော်ပြပေးမယ့် နည်းလမ်းအမျိုးမျိုးအတွက် အသုံးပြုနိုင်ပါတယ်။

နည်းလမ်း (၁)

Source: hitberry.com

အာလူးအရည်ကို ဆံကေသာနဲ့ ဦးရေပြားပေါ် သုတ်လိမ်းပြီး ၅ မိနစ်၊ ၁၀ မိနစ်ခန့် နှိပ်နယ်ပေးလိုက်ပါ။ ၁၅ မိနစ်ခန့်ကြာမှ ရေအေးအေး (သို့မဟုတ်) ကြက်သီးနွေးရေနွေးလေးဖြင့် ခေါင်းလျှော်လိုက်ပါ။ တစ်ပတ်မှာ တစ်ကြိမ်ခန့် ပြုလုပ်ပေးရပါမယ်။

နည်းလမ်း (၂)

အာလူး ၃ လုံး၊ ကြက်ဥ အနှစ် ၁ လုံးနှင့် ပျားရည် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ အာလူးများကို စောစောကနည်းလမ်းအတိုင်း အရည်များရရှိလာအောင် ပြုလုပ်လိုက်ပါ။ ထိုအာလူးအရည်ထဲသို့ ကြက်ဥအနှစ်နှင့် ပျားရည်တို့ ရောထည့်ပြီး သမအောင်မွှေပေးလိုက်ပါ။ ထို့နောက် ဦးရေပြားနဲ့ ဆံကေသာပေါ် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၃၀ ကြာမှ ရေအေးအေးလေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။

ဒီနည်းလမ်းကိုလည်း တစ်ပတ်မှာတစ်ကြိမ် ပြုလုပ်ပေးလိုက်ပါ။

နည်းလမ်း (၃)

အာလူးတစ်လုံးမှ ရရှိတဲ့ အာလူးအရည်၊ ရှားစောင်းလက်ပတ်ဂျယ်လ် စားပွဲတင်ဇွန်း ၂ ဖွန်းတို့ လိုအပ်ပါလိမ့်မယ်။ အာလူးအရည်နဲ့ ရှားစောင်းလက်ပတ် ဂျယ်လ်လေးကို သမအောင် ရောနှောပြီး ဆံကေသာပေါ် သုတ်လိမ်းပေးလိုက်ပါ။ မိနစ် ၃၀ ခန့်ကြာမှ ကြက်သီးနွေးရေနွေး (သို့မဟုတ်) ရေအေးအေးလေးနဲ့ ခေါင်းလျှော်ပေးလိုက်ပါ။ ဒီနည်းလမ်းကိုတော့ တစ်ပတ် နှစ်ကြိမ်ပြုလုပ်ပေးရပါမယ်။

Source: Stylecraze.com