ကမ္ဘာပေါ်မှာ လူသန်းပေါင်းများစွာက ဝမ်းချုပ်တဲ့ ဒဏ်ကို ခံစားနေရပါတယ်။ ဝမ်းချုပ်ရင် ခေါင်းကိုက်ပြီး နေရထိုင်ရခက်ပါတယ်။ ဝမ်းချုပ်တာအတွက် အကောင်းဆုံးကတော့ ဆီးသီးဖျော်ရည်ပါပဲ။

ဆီးသီးဖျော်ရည်က ဝမ်းချုပ်တာကို ဘယ်လို ကူညီနိုင်သလဲ

ဆီးသီးဖျော်ရည်မှာ Sorbitol ဓာတ်ပါဝင်ပြီး ဝမ်းချုပ်တာကို အဓိကကူညီပေးပါတယ်။ တခြားသကြားဓာတ်တွေဖြစ်တဲ့ Frutose၊ Glucose နဲ့ Sucrose ဓာတ်တွေက အူလမ်းကြောင်းထဲမှာ အလွယ်တကူစုပ်ယူနိုင်ပေမယ့် Sorbitol ဓာတ်က အဲ့လိုမဟုတ်ပါဘူး။ Sorbitol ဓာတ်က အူမကြီးထဲက အရည်တွေစုပ်ယူပြီး ရေဓာတ်ခမ်းခြောက်တာကို လျော့နည်းစေကာ ဝမ်းချုပ်တာကို တိုက်ဖျက်ပေးပါတယ်။

အမျှင်ဓာတ်လည်း ကြွယ်ဝစွာပါဝင်တာကြောင့် ဝမ်းချုပ်တာကို ကုသပေးနိုင်ပါတယ်။

ဆီးသီးဖျော်ရည် ဖျော်နည်း

ပါဝင်ပစ္စည်းများ

ဆီးသီးခြောက် ၁ ခွက်စာ

ရေ ဖန်ခွက် ၅ ခွက်စာ

ပြုလုပ်နည်း

ဆီးသီးခြောက်တွေထဲက အစေ့ကို ဖယ်လိုက်ပါ။ ရေ ၅ ခွက်စာကို ဆူပွက်အောင်တည်လိုက်ပါ။ ခုနက ဆူပွက်အောင် တည်ထားတဲ့ ရေအနည်းငယ်ကို ဓာတ်ဗူးထဲကို ဆီးသီးခြောက်တွေနဲ့ရောထည့်လိုက်ပါ။

ဆီးသီးခြောက်တွေ ရေအောက်မြှပ်တဲ့အထိ ရေထည့်ပါ။ ခုနက တည်ထားတဲ့ရေကို ခဏသိမ်းထားပါ။ ဆီးသီးခြောက်တွေကို ၁၂ နာရီကနေ ၂၄ နာရီကြားစိမ်ထားပါ။

ဆီးသီးခြောက်နဲ့ စိမ်ထားတဲ့ရေကို ဖျော်စက်ထဲထည့်ပြီး ဖျော်လိုက်ပါ။ ပြီးဆီးသီးခြောက်အဖတ်တွေဆယ်ယူလိုက်ပြီး ခုနက ဖျော်ရည်ကို ၁ လီတာ ဗူးထဲထည့်လိုက်ပါ။ အချိုကြိုက်ရင် အသီးဖျော်ရည်တစ်ခုခုထည့်ပါ။ ခုနက တည်ထားတဲ့ရေကျက်အေးကို ရေသန့်ဗူး ၁ လီတာပြည့်အောင် ရောလိုက်ပါ။

အခုလို အိမ်လုပ် ဆီးသီးဖျော်ရည်က ရေခဲသေတ္တာထဲမှာဆိုရင် ၁ လလောက်အထားခံရပါတယ်။