ကမ္ဘာ့လူဦးရေရဲ့ သန်း ၄၀ ကျော်ဟာ နေ့စဉ်စားသုံးနေတဲ့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေမှာ ကပ်ပါလာတဲ့ ဓါတုပစ္စည်းနဲ့ အညစ်အကြေးတွေကနေ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေ နှစ်စဉ် ကြုံတွေ့နေရတယ်ဆိုတာကို သင်သိပါသလား။
အစာအဆိပ်သင့်မှုနဲ့ အတူ မနှစ်မျို့စရာကောင်းတဲ့ ကျန်းမာရေး ပြဿနာတွေကနေ ရှောင်ရှားနိုင်ဖို့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေကို ဈေးသက်သက်သာသာ၊ လုံခြုံစိတ်ချစွာနဲ့ စနစ်တကျ ဘယ်လိုဆေးကြောရမလဲဆိုတာကို မျှဝေပေးသွားမှာ ဖြစ်ပါတယ်။
သစ်သီးနဲ့ ဟင်းသီးဟင်ရွက်တွေကိုဆေးကြောရာမှာ အခြေခံနည်း ၂ ခုရှိပါတယ်။
၁။ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေကို ရေနဲ့ စင်စင်ဆေးပေးပါ။
၂။ အဲဒီနောက် ရှာလကာရည်ကို သုံးပြီး ထပ်ဆေးပေးပါ။ ရှာလကာရည်မှာ ဓါတုပစ္စည်းတွေနဲ့ ဘက်တီးရီးယားပိုးမွှားတွေအားလုံးကို သန့်စင်ပေးနိုင်ရုံသာမက လူကို အသက်အန္တာရာယ်ပေးနိုင်တဲ့ E-coli ဘက်တီးရီးယားတွေကိုလည်း သေစေနိုင်ပါတယ်။
ရှာလကာရည်နဲ့ဆေးကြောနည်း
ပန်းသီး၊ခရီးချည်သီး၊ စပျစ်သီး စတဲ့ အခွန်ပျော့တဲ့ သစ်သီးဝလံတွေကို ဆေးကြောတဲ့အခါ Nozzle ခေါင်းပါတဲ့ ပုလင်းတစ်လုံးထဲကို (စပရေးဘူးကိုလည်းအသုံးပြုနိုင်ပါသည်) ရှာလကာရည် ၁ ဆ နဲ့ ရေ ၃ ဆ ရောထည့်ပြီး နှံစပ်အောင် လှုပ်ခါပေးပါ။
အဲဒီလို ရောနှောထားတဲ့အရည်ကို သစ်သီးဝလံတွေအပေါ် ဖျန်းပေးပြီး စက္ကန့် ၃၀ လောက်ထားပါ။ အဲဒီနောက် ရေမြုပ် သို့ သဘက်ကြမ်းနဲ့ ပွတ်တိုက်ပေးပြီး ရေနဲ့ ဆေးကြောပေးပါ။ တကယ်လို့ အသီး ( သို့ ) ဟင်းသီးဟင်းရွက်တွေရဲ့ အခွံက အရမ်းပျော့နေတယ် သဘက်နဲ့ သုတ်လို့ ပွန်းပဲ့သွားနိုင်တယ်ဆိုရင် လက်နဲ့ပဲ ရေရောထားတဲ့ ရှာလကာရည်ကို ပွတ်တိုက်ပေးလို့ရပါတယ်။
ဂေါ်ဖီစိမ်း ၊ပန်းဂေါ်ဖီ၊ ဟင်းသီးဟင်းရွက်များ၊ ဖရဲသီး၊ အာလူး၊ စတော်ဘယ်ရီ စတဲ့ အသီးတွေ ဟင်းသီးဟင်းရွက်တွေက ဆေးကြောရတာ နည်းနည်းတော့ခက်ပါတယ်။ အိုးတစ်လုံးထဲကို ၅၀ ဒီဂရီ ၆၀ ဒီဂရီ အပူချိန်ရှိတဲ့ ရေနွေးထည့်ပြီး အိုးရဲ့ အကျယ်အဝန်းပေါ်မူတည်ကာ ရှာလကာရည်ကို ချိန်ဆပြီးထည့်ပါ။ ရှာလကာရည်ရဲ့ အချည်ဓါတ်က ဘက်တီးရီးယားကို သေစေနိုင်မှာဖြစ်ပါတယ်။ အဲဒီနောက် ၁၀ မိနစ်လောက်ထားပြီး ရေအေးနဲ့ ဆေးကြောပေးပါ။
သံပယိုရည်ကို အသုံးပြုပြီး ဆေးကြောနည်း
တကယ်လို့ သင့်အိမ်မှာ ရှာလကာရည်မရှိဘူးဆိုရင်လည်း သံပယိုရည်ကို အသုံးပြုလို့ရပါတယ်။ အချဉ်ဓါတ်ကို ပိုချင်တယ်ဆိုရင်တာ့ ဆားကိုလည်း ထည့်နိုင်ပါတယ်။ အဲဒီလိုဆားထည့်ပေးလိုက်တာက ဘက်တီးရီးယားကို မြန်မြန်သေစေနိုင်ပါတယ်။ အခုလို ပြုလုပ်ပေးတာဟာ သစ်သီးဝလံတွေကို အချိန်တန်ကြာ လတ်လတ်ဆတ်ဆတ် ရှိစေမှာဖြစ်ပါတယ်။
မှတ်ချက်။ ။ သစ်သီးဝလံတွေကို မဆေးကြောမီနဲ့ဆေးကြောအပြီး လက်ကို စင်ကြယ်အောင်ဆေးပါ။