ရယ်လိုက်ရင် သွားဖြူဖြူလေးတွေ ပေါ်လာတာကို လူတိုင်း လိုချင်ကြပါတယ်။ ဒါကြောင့် သွားတိုက်ဆေးဆိုလည်း သွားဖြူဝင်းစေတဲ့ သွားတိုက်ဆေးတွေသုံးကြတယ်၊ တချို့ဆို ဆိုင်တွေမှာ ရောင်းတဲ့ သွားဖြူဆေးတွေပါ ဝယ်သုံးကြပါတယ်။

သွားဖြူဆေးတွေ ဝယ်သုံးတာက ဈေးကြီးသလို အန္တရာယ်လည်းများပါတယ်။ ဒါကြောင့် သဘာဝနည်းနဲ့ သွားဖြူစေတဲ့ နည်းလမ်းတွေကို ဝေမျှချင်ပါတယ်။

မုန့်ဖုတ်ဆိုဒါနဲ့ သံပုရာရည်ဖျော်ရည်

lemon gigi putih

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း ၃ ဇွန်း၊ ၄ ဇွန်းလောက်ကို သံပုရည်နဲ့ပျစ်ပျစ်လေးဖျော်ပြီး သွားတိုက်ပေးပါ။

သွားတိုက်ပေးရင် ဘေးထွက်ဆိုးကျိုးမဖြစ်ဘဲ ဖြူဝင်းတဲ့ သွားလေးကို ရရှိမှာဖြစ်ပါတယ်။ မုန့်ဖုတ်ဆိုဒါက သွားတိုက်ဆေးတွေမှာ အဓိကပါဝင်တဲ့ ပါဝင်ပစ္စည်းဖြစ်ပါတယ်။ သံပုရာဖျော်ရည်က သဘာ၀ အရောင်ချွတ်ဆေးဖြစ်တာကြောင့် သူ့မှာ အက်ဆစ်ဓာတ်ပါဝင်ပါတယ်။ ဒါကြောင့် သွားပေါ်မှာ သူ့ချည်းဘဲ ကြာရှည် မသုတ်လိမ်းထားသင့်ပါဘူး။ မုန့်ဖုတ်ဆိုဒါနဲ့ဆိုရင်တော့ သံပုရည်မှာပါဝင်တဲ့ အက်ဆစ်တွေက ပျော့သွားပြီး သွားတွေကို မပျက်စီးဘဲ ဖြူဝင်းစေပါတယ်။

မုန့်ဖုတ်ဆိုဒါ၊ ဆားနဲ့စတော်ဘယ်ရီ

Unknown

စတော်ဘယ်ရီ မှာ ဗီတာမင် စီဓာတ်ပါဝင်မှုများပြီး သွားဂျိုးတွေနဲ့ သွားပိုးပေါက်မဖြစ်အောင် ကူညီပေးပါတယ်။ စတော်ဘယ်ရီက သူ့မှာ သဘာ၀ အက်ဆစ်ဓာတ်ပါဝင်တာကြောင့် စွန်းထင်းနဲ့ သွားကြွေလွှာကို ကောင်းမွန်စေကာ ဆားက အစွန်းအထင်းတွေကို ချေဖျက်နိုင်ပြီး မုန့်ဖုတ်ဆိုဒါက Scrub အဖြစ်လုပ်ဆောင်ပေးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

ဆား တဖြူးစာ (ပင်လယ်ဆား ရရင် ပိုကောင်းပါတယ်)

စတော်ဘယ်ရီ ၁ လုံးကနေ ၃လုံး

မုန့်ဖုတ်ဆိုဒါ လက်ဖက်ရည်ဇွန်း တစ်ဝက်

 

ပြုလုပ်နည်း

1

စတော်ဘယ်ရီသီးတွေကို ချေပြီး မုန့်ဖုတ်ဆိုဒါနဲ့ဆားထည့်ပါ။ တံထွေးတွေကို ဆင်အောင် သွားတွေကို တစ်ရှူးနဲ့ သုတ်ပါ။ ပြီးရင် ခုနက အနှစ်ကို သွားတိုက်တံပေါ်မှာ တင်ပြီး တိုက်ပါ။ ၅ မိနစ်ခန့်ထားပြီးနောက် ရေဆေးချလိုက်ပါ။