ဟင်းသီးဟင်းရွက်တွေကို ကြော်စားမယ်၊ Salad လုပ်စားမယ်ဆိုပြီး ရေဆေးလိုက်ပြီးမှ မစားဖြစ်တော့ရင် နွမ်းသွားတာနဲ့ နှမြောဖို့ကောင်းပါတယ်။

ဒါ့ကြောင့် ဒီလို ဟင်းသီးဟင်းရွက်တွေကို ကြာကြာထားခံအောင် ဘယ်လိုလုပ်မလဲ။

ဒီနည်းအတိုင်းပြုလုပ်ရင် ၁ဝ ရက်လောက်အထားခံနိုင်ပါတယ်။

ရေဆေးပြီးသားအရွက်တွေကို ရေကုန်တဲ့အထိ ရေစစ်လိုက်ပါ။

မီးဖိုချောင်မှာသုံးတဲ့ တစ်ရှူးအထူစား Paper Towels ကို ဝယ်ပြီး အရွက်တွေကို Paper Towels နဲ့ပတ်သက်လိုက်ပါ။

နှိပ်ပြီးပိတ်လို့ရတဲ့ လေလုံတဲ့ ပလပ်စတစ်အိတ်တစ်လုံးဝယ်လိုက်ပါ။

ခုနက Paper Towels ပတ်ထားတဲ့ အရွက်တွေကို ပလပ်စတစ်အိတ်ထဲထည့်ပြီး လေကို တတ်နိုင်သမျှ ပလပ်စတစ်အိတ်ကို ဖိပြီး ထုတ်လိုက်ပါ။

ပြီးရင် ရေခဲသေတ္တာရဲ့ ဟင်းသီးဟင်းရွက်တွေ သိုလှောင်တဲ့နေရာမှာ သိမ်းထားလိုက်ပါ။

Paper Towels က အရွက်မှာရှိတဲ့ စိုစွတ်တဲ့ ဓာတ်ကို စုပ်ယူနိုင်ပြီး အရွက်တွေကို မနွမ်းသွားအောင် ကာကွယ်ပေးပါတယ်။ လေတွေအဝင်အထွက်တွေဖြစ်ပြီး ဟင်းသီးဟင်းရွက်မနွမ်းသွားအောင် လေလုံ ပလပ်စတစ်အိတ်က ကူညီပေးပါတယ်။