တခါတလေ ကိုယ်ထည့်တဲ့ ငရုတ်သီးတွေက များသွားရင် အရမ်းစပ်သွားတတ်ပါတယ်။ ဒီလိုအခြေအနေကျရင် ဘယ်လိုလုပ်မလဲ။

အက်ဆစ်

သဘာဝကရတဲ့ အက်ဆစ်တွေထည့်ပါ။ ဥပမာ ဟင်းလျာကအရမ်းစပ်နေရင် သံပုရာသီး၊ ရှောက်သီး တို့အပြင် ရှာလကာရည်၊ နာနတ်သီး နဲ ခရမ်းချဉ်သီးတို့ ထည့်လို့ရပါတယ်။ ဒါဆိုရင် စပ်တာ သက်သာ သွားပါလိမ့်မယ်။

ဟင်းသီးဟင်းရွက်

ဟင်းသီးဟင်းရွက်တွေဖြစ်တဲ့ မုန်လာဥနီ၊ အာလူး၊ ပန်းဂေါ်ဖီ စသည့် ဟင်းသီးဟင်းရွက်တွေကိုထည့်လို့ရပါတယ်။ ဟင်းသီးဟင်းရွက်မှာပါဝင်နေတဲ့ အချိုဓာတ်က အပူနဲ့ထိတွေ့တဲ့အခါ အပြင်ထွက်သွားပြီး ဟင်းလျာတွေကို အစပ်လျော့စေပါတယ်။

အခွံမာအသီး

အခွံမာအသီးတွေ၊ အစေ့တွေဖြစ်တဲ့ မြေပဲတို့၊ Almond တို့က ဟင်းလျာတွေကို အစပ်သက်သာစေပါတယ်။

အချိုဓာတ်

ဟင်းလျာတွေအရမ်းစပ်နေရင် အလွယ်ဆုံးနည်းလမ်းက သကြားထည့်လိုက်တာပါပဲ။ သကြားလက်ဖက်ရည်ဇွန်း ၁ ဇွန်းပဲဖြစ်ဖြစ်၊ ပျားရည် လက်ဖက်ရည်ဇွန်း ၁ဇွန်းပဲဖြစ်ဖြစ် ထည့်လိုက်ရင် အစပ်သက်သာသွားပါလိမ့်မယ်။

နို့ထွက်ပစ္စည်းများ

အော်ဂန်းနစ်နွားနို့ (Organic Milk) ရဲ့ ကျန်းမာရေး အကျိုးကျေးဇူးများ

နွားနို့ကဲ့သို့ နို့ထွက်ပစ္စည်းတွေဖြစ်တဲ့ ဒိန်ချဉ်၊ နွားနို့၊ အုန်းနို့၊ ချိစ်တွေက အစပ်ကို လျော့စေပါတယ်။

Featured Image Source: AGUST D