ခေါင်းကိုက်၊ အားနည်းပြီး အိပ်မပျော်တာတွေဖြစ်ရင် အလုပ်ပြင်းပြင်းထန်ထန်လုပ်လို့ ပင်ပန်းတယ်လို့ ဆိုကြပါတယ်။

ဒါပေမယ့် ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်ဓာတ်နဲ့ ဗီတာမင် K ဓာတ် လျော့နည်းရင်လည်း ဒီလို ခေါင်းကိုက်တာ၊ အားနည်းတာ ညအိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

မဂ္ဂနီဆီယမ်ဓာတ်က ခန္ဓာကိုယ်ထဲက ဓာတုဖြစ်စဉ်ပေါင်း ၃၀၀ ကျော်အတွက်လိုအပ်တဲ့ဓာတ်ဖြစ်ပြီး အစားအစာကနေ စွမ်းအင်ကို ပြောင်းလဲ ပေးပါတယ်။ အမိုင်နိုအက်ဆစ်တွေကို ဖြိုခွဲပြီး ကြွက်သားတွေဖြစ်စေတဲ့ ပရိုတင်းဓာတ်ကို ပြောင်းလဲပေးပါတယ်။

ဒါကြောင့် မဂ္ဂနီဆီယမ်ဓာတ်က ခဏခဏ ခေါင်းကိုက်တာတွေ ခေါင်းတစ်ခြမ်းကိုက်တာတွေ သက်သာစေပါတယ်။

ခန္ဓာကိုယ်ထဲမှာ မဂ္ဂနီဆီယမ်ဓာတ် ချို့တဲ့ရင် ညအိပ်မပျော်တာတွေ စိတ်ဓာတ်ကျတာတွေ ဖြစ်တတ်ပါတယ်။

မဂ္ဂနီဆီယမ်ဓာတ် အများဆုံး ရရှိမယ့် အစားအစာများ

  • ဟင်းနုနွယ်ရွက်

  • အခွံမာအသီးများ

  • ဆန်အညိုရောင်/ပေါင်မုန့်

  • ငါး
  • အသား

  • ထောပတ်သီး

 

2-strong-bones

ဗီတာမင် K

ဗီတာမင် K ကလည်း သွေး တိတ်အောင်လုပ်ပေးကာ၊ သွေးကြောထုံးတာတွေကို ကာကွယ်လုပ်ဆောင်ပေးပါတယ်။

အရိုးတွေကို သန်မာစေကာ အယ်ဇိုင်းမားရောဂါနဲ့ ဆီးကျိတ်ကင်ဆာကိုလည်း ကာကွယ်ပေးပါတယ်။

mint

ဗီတာမင် K ဓာတ်ရရှိတဲ့ အစားအစာများ

ပင်စိမ်းရွက်၊ စမုန်ဖြူ၊ နံနံပင်

ဟင်းနုနွယ်ရွက်၊ ကိုက်လန်၊ ကြက်သွန်မြိတ်၊ ကန်စွန်းရွက်၊ တရုတ်နံနံ၊ ဂေါ်ဖီပန်းပွင့်၊ ကညွှတ်၊ ငရုတ်သီး၊ သံလွင်ဆီ စသည်တို့ ဖြစ်ပါတယ်။

olive-oil