ကိုယ်အလေးချိန် ကျဖို့ အများကြီး ကြိုးစားခဲ့ပေမယ့် မကျတာကြောင့် လက်လျှော့ချင်နေပါပြီလား။

အမေရိကန်ပြည်ထောင်စု၊  ပြည်နယ် တက္ကသိုလ်က အခွံမာသီးတွေနဲ့ကိုယ်အလေးချိန် ဆက်စပ်မှုကို သုတေသနပြုလုပ်ခဲ့ပါတယ်။

အခွံမာအသီးတွေကို နေ့တိုင်းစားသူတွေက အဝလွန်ရောဂါဖြစ်ပွားနိုင်ချေ ၂၅ ရာခိုင်နှုန်းလျော့နည်းပြီး ခါးပတ်လည်မှာ အဆီတက်နိုင်မှု ၂၁ ရာခိုင်နှုန်းလျော့နည်းတာကို တွေ့ရှိရပါတယ်။

14637560-greek-1452979_960_720-1488378304-650-c0040a14d8-1496948385

အခွံမာအသီးတွေက ခန္ဓာကိုယ်အတွက်ကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကိုလည်း ထောက်ပံ့ပေးပါတယ်။

အခွံမာအသီးတွေ ကယ်လိုရီနဲ့ အဆီဓာတ်တွေအများကြီးပါဝင်တာကြောင့် ကိုယ်အလေးချိန်ကျပါ့မလားလို့တွေးနေနိုင်ပါတယ်။

“အခွံမာအသီးတွေမှာ ပရိုတင်းဓာတ်၊အမျှင်ဓာတ်၊ ကျန်းမာရေးအတွက်ကောင်းတဲ့ Mono နဲ့ Polyunsaturated Fatty Acids တွေပါဝင်နေတယ်”လို့ ဦးဆောင်ပြီး သုတေသနပြုလုပ်သူ ပါမောက္ခ ကာရိုး အိုနေးလ် ကပြောပါတယ်။

assortment of tasty nuts, close up

အခွံမာသီး ၁.၅ အောင်စ (ခွက်တစ်ခွက်ရဲ့ ၃ ပုံ ၁ ပုံ)ကို နေ့တိုင်းစားရင် တစ်နေ့တာလုံးအတွက်လိုအပ်တဲ့ ဗီတာမင်၊ သတ္တုဓာတ် နဲ့ ခွန်အားတွေ ပေးစွမ်းနိုင်ပါတယ်။

အခွံမာသီးကို တစ်နေ့ကို လက်တစ်စုပ်စာစားရင် ဗိုက်ပြည့်နေသလို ခံစားရတာကြောင့် အစာစားတာ နည်းသွားပြီး ကိုယ်အလေးချိန်ကျစေမှာပါ။

Featured Image Source: Daily Express