ကိုဗစ် – ၁၉ ရောဂါ လက္ခဏာတွေထဲမှာ အတွေ့အများဆုံးကတော့ ဖျားခြင်း၊ ကိုယ်ပူခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်းတို့ပဲဖြစ်ပါတယ်။

ထိုကိုရိုနာဗိုင်းရပ် ကပ်ရောဂါဘေးမှ ကာကွယ်ဖို့ရန်အတွက် လက်ကို မကြာခဏဆေးပါ။ တတ်နိုင်သမျှ အိမ်ထဲမှာနေပါ။ မဖြစ်မနေ အပြင်ထွက်ရမည် ဆိုပါက နှာခေါင်းစည်း တပ်ပါ။ ကျန်းမာရေးနဲ့ ညီညွှတ်အောင် နေထိုင်စားသောက်ပါ။ ကိုယ်ခံအားမြှင့်မားစေသော အစားအစာများကို များများစားသုံးပေးပါ။

အသေးအဖွဲများကအစ လိုက်နာကျင့်သုံးပါက ထိုရောဂါပိုးက သင့်ဆီ ဝင်ရောက်လာမှာ မဟုတ်ပါဘူး။ အကယ်၍ ဝင်ရောက်လာခဲ့သည်ရှိသော် သင့်ရဲ့ကိုယ်ခံအားကောင်းနေပါက ဗိုင်းရပ်စ်ပိုးကို ခုခံတိုက်ခိုက်ပေးနိုင်ပါလိမ့်မယ်။ သင့်ရဲ့ကိုယ်ခံအားစနစ်က မြင့်မားနေမယ်ဆိုရင်တော့ ချောင်းဆိုးခြင်း၊ အအေးမိဖျားနာခြင်း၊ နှာရည်ယိုခြင်း၊ နှာစေးခြင်း အစရှိတဲ့ ရောဂါလက္ခဏာများကို ကြိုတင်ကာကွယ်ရာရောက်ပါတယ်။

ဒါဆိုရင် ကိုယ်ခံအားကောင်းအောင် ဘယ်လိုအစားအစာတွေ စားသုံးသင့်သလဲ။

ဂျင်းပြုတ်ရည်

ကိုယ်ခံအားကို မြှင့်တင်ပေးပြီး တုပ်ကွေးရောဂါများကို တိုက်ခိုက်ပေးတဲ့နေရာမှာ ဂျင်းပြုတ်ရည်ထက် အစွမ်းထက်တဲ့ ဖျော်ရည် မရှိသေးပါဘူး။

လိမ္မော်သီး

လိမ္မော်သီးမှာ ဗီတာမင်စီများ ကြွယ်ဝစွာပါဝင်တဲ့အတွက် သာမန်ဖျားနာခြင်းမျိုးကို ကာကွယ်ပေးနိုင်ပါတယ်။

ရေ

သင့်ခန္ဓာကိုယ်က ရေဓာတ်ပြည့်ဝဖို့အတွက် တစ်နေ့ကို အနည်းဆုံး ရေ ၈ ခွက် သောက်သုံးပေးသင့်ပါတယ်။ လုံလောက်တဲ့ရေဓာတ်ကို မရရှိပါက နေမကောင်းဖြစ်တတ်ပါတယ်။

ဘလူးဘယ်ရီသီးများ

ဘလူးဘယ်ရီသီးမှာ အအေးမိ ချောင်းဆိုးခြင်းတို့မှ ကာကွယ်ပေးနိုင်တဲ့ Antioxidants များ ကြွယ်ဝစွာပါဝင်ပါတယ်။ သုတေသနလေ့လာချက်များအရ ဘလူးဘယ်ရီသီး စားသုံးသူများက မစားသုံးသူတွေက အအေးမိ ဖျားနာဖြစ်ပွားနှုန်းကို ၃၃ ရာခိုင်နှုန်းခန့် လျော့ချပေးနိုင်ပါတယ်။

ခရမ်းချဉ်သီး

ခရမ်းချဉ်သီး တစ်လုံးမှာ ဗီတာမင်စီ ၁၆ မီလီဂရမ်ပါဝင်ပါတယ်။ ဒါ့ကြောင့်လည်း ခရမ်းချဉ်သီးကို စူပါအစားအစာလို့ တင်စားခေါ်ဝေါ်ကြတာပါ။

မွေးမြူရေး ဆော်လမွန်ငါး မဟုတ်ဘဲ သဘာဝ ဆော်လမွန်ငါး စားသုံးခြင်း

သဘာဝအလျောက် ပေါက်ဖွားတဲ့ဆော်လမွန်ငါးမှာ ဇင့်ဓာတ်၊ အိုမီဂါသရီး ဖက်တီအက်ဆစ်ဓာတ်မာျး ကြွယ်ဝစွာ ပါဝင်ပါတယ်။ သဘာဝ ဆော်လမွန်ငါးကို စားသုံးသူများမှာ လုံလောက်တဲ့ ဇင့်ဓာတ်ကို ရရှိတဲ့အတွက်ကြောင့် အအေးမိ ဖျားနာနိုင်ချေ အလွန်နည်းပါးပါတယ်။

ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးတဲ့ အခြားစူပါအစားအစာများကတော့ ပန်းဂေါ်ဖီစိမ်း၊ ဂျင်ဆင်း လက်ဖက်ရည်၊ ဂရိဒိန်ချဉ်၊ Dark Chocolate ၊ သံလွင်ဆီ စစ်စစ်၊ ဟင်းနုနွယ်၊ ကြက်ဥ၊ ကြက်သွန်ဖြူနှင့် ပန်းသီးတို့ပဲဖြစ်ပါတယ်။

အထက်ဖော်ပြပါ အစားအစာများကို များများစားသုံးပေးခြင်းအားဖြင့် သင့်ရဲ့ကိုယ်ခံစွမ်းအားကို မြှင့်တင်လိုက်ပါ။

Source: Today.com