အခုတလော ရာသီဥတု အကူးအပြောင်းဖြစ်နေချိန်မှာ လူတွေတော်တော်များများ ဖျားနေကြပါတယ်။

အများအားဖြင့် ကြက်သွန်ဖြူ၊ ဂျင်း၊ နနွင်း နဲ့ကြက်သား စွပ်ပြုတ်တွေကို ကိုယ်ခံအားကောင်းစေတဲ့ အစားအစာတွေအဖြစ် အသိများကြပါတယ်။ ဒါကြောင့် ကိုယ်ခံအားကို မြှင့်ပေးနိုင်တဲ့ တခြား အစားအစာများကို ဝေမျှချင်ပါတယ်။

ကောင်းကောင်းအိပ်ပါ

ရာသီဥတု အပြောင်းအလဲ၊ တုပ်ကွေး ရာသီတွေမှာ ကိုယ်ခံအားကောင်းဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အိပ်ချိန်ကို တစ်နေ့ ၇ နာရီ ၈ နာရီလောက် အိပ်ပါ။

အခွံမာအသီးများ

Almonds စေ့ တို့လို အခွံမာအသီးတွေကို များများစားပေးပါ။ အဲ့ဒီအသီးတွေမှာ ဗီတာမင် E ဓာတ်တွေအများကြီးပါဝင်တာကြောင့် ဘက်တီးရီးယားတွေကို တိုက်ထုတ်ပေးနိုင်တဲ့ Antibodies တွေကို ထုတ်ပေးပြီး ဆဲလ်တွေကို ပျက်စီးနိုင်တဲ့ Free Radicals တွေကို ဖယ်ရှားပေးနိုင်ပါတယ်။

Citrus အသီးများ

Citrus အသီးတွေဖြစ်တဲ့ လိမ္မော်သီး၊ သံပုရာသီး၊ Grapefruits စတဲ့ အသီးတွေမှာ Antioxidant ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် ရောဂါ ပိုးမွှားဝင်ရောက်မှုတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။

ပုစွန်

ပုစွန်မှာ အဆီဓာတ်တွေပါဝင်မှုနည်းပြီး Antioxidant Selenium ဓာတ်တွေပါဝင်ပါတယ်။ အဲ့ဒီဓာတ်တွေက ကိုယ်ခံအားစနစ်ကို အထောက်အကူပြုပေးပါတယ်။

ဒိန်ချဉ်

ဒိန်ချဉ်မှာပါဝင်တဲ့ ကောင်းတဲ့ ဘက်တီးရီးယားတွေက အစာခြေစနစ်ကို ထောက်ပံ့ပေးပါတယ်။ အဲ့ဒီအပြင် အဲ့ဒီမှာပါဝင်တဲ့ Probioticsတွေက ကိုယ်ခံအားစနစ်ကို ထောက်ပံ့ပေးပါတယ်။

Green Tea

Green Tea မှာတော့ Antioxidants တွေ အများကြီးပါဝင်နေပါတယ်။ အဲ့ဒါကြောင့် ကိုယ်ခံအားစနစ်ကို ကောင်းစေတဲ့ ဆဲလ်တွေကို လှုံ့ဆော်ပေးပါတယ်။ ခါးသက်သက်အရသာရှိတာကြောင့် တချို့ က ပျားရည်ထည့်သောက်ကြပါတယ်။

အမဲသား

အမဲသား အထူးသဖြင့် အမဲပေါင်သားတွေမှာ Zinc ဓာတ်ပါဝင်မှုများပြီး ကိုယ်ခံအားစနစ်အတွက် အထူးကောင်းမွန်ပါတယ်။