မနက်မိုးလင်းတာနဲ့ ဖိုးဖိုးတွေ ဖွားဖွားတွေ ရေနွေးကြမ်းလေး ငှဲ့ပြီး သောက်သုံးနေကြတာကို တွေ့မိကြမှာပါ။

ရေနွေးကြမ်းက ကျန်းမာရေးအတွက် အထူးကောင်းမွန်တာကြောင့် ဆေးဖက်ဝင် အဖြစ်တောင် သတ်မှတ်ခဲ့ကြပါတယ်။

ရေနွေးကြမ်းက သွေးအတွင်း ကိုလက်စထရောဓာတ်မြင့်တာကိုကာကွယ်ပေးပြီး အစာခြေစနစ်တွေကို ထောက်ပံ့ပေးပါတယ်။

သွေးလည်ပတ်မှုကောင်းစေပြီး သွေးတိုးကိုလျော့ကျစေကာ ပန်းနာရင်ကြပ်ကို သက်သာစေပါတယ်။

Black Tea, White Tea နဲ့ Green Tea စသဖြင့် ကွဲပြားကြသော်လည်း မြန်မာနိုင်ငံမှာ Black Tea ရေနွေးကြမ်းသာ အသောက်များပါတယ်။ Black Tea ရေနွေးကြမ်းရဲ့ ကျန်းမာရေး အကျိုးကျေးဇူးတွေကို ဝေမျှပေးချင်ပါတယ်။

နှလုံးရောဂါကို ကာကွယ်ပေး

ရေနွေးကြမ်းကို ပုံမှန်သောက်ရင် သွေးလွှတ်ကြောရဲ့ လုပ်ငန်းဆောင်တာတွေကို အားကောင်းစေပြီး နှလုံးရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်ပါတယ်။

ရင်သား ကင်ဆာကို ကာကွယ်

ရေနွေးကြမ်းနဲ့ Green Tea တို့က ကင်ဆာဆဲလ်တွေ ရင်သားမှာ ဖွံ့ဖြိုး ကြီးထွားမှုကို ကာကွယ်ပေးပါတယ်။

ရေနွေးကြမ်းမှာပါဝင်တဲ့ Theaflavins ဓာတ်တွေက ခန္ဓာကိုယ်ထဲရှိ ပုံမှန်မဟုတ်တဲ့ ဆဲလ်တွေကို ဖျက်ဆီးပစ်ပြီး ကင်ဆာဆဲလ်အဖြစ်သို့ ပြောင်းလဲမသွားအောင် ကူညီပေးပါတယ်။

ဝမ်းလျှောတာကို ကာကွဝ်ပေး

ဝမ်းလျှောနေရင် ရေနွေးကြမ်းကို တစ်ငုံ့ချင်းစီ ဖြည်းဖြည်းချင်း စုပ်ပြီး သောက်ပေးပါ။ ဒါဆိုရင် တဖြည်းဖြည်းနဲ့ ဝမ်းလျှောတာ နည်းသွားပါလိမ့်မယ်။

ကိုလက်စထရော ဓာတ်ကို လျော့ကျစေ

အမေရိကန်ပြည်ထောင်စု၊ New Orleans ပြည်နယ်မှာရှိတဲ့ အမေရိကန် နှလုံးအဖွဲ့ရဲ့ သုတေသနအရ ရေနွေးကြမ်းသောက်တာများသူတွေမှာ မကောင်းတဲ့ကိုလက်စထရောဓာတ်တွေ လျော့ကျပြီး နှလုံးရောဂါဖြစ်ပွားမှုလျော့နည်းကြောင်းတွေ့ရပါတယ်။

တစ်နေ့ကို ရေနွေးကြမ်း ၃ ခွက်သို့မဟုတ် ၄ ခွက်သောက်သုံးသူဟာ နှလုံးရောဂါဖြစ်ပွားနိုင်ချေ အရမ်းကို နည်းပါးကြောင်း တွေ့ရှိရပါတယ်။