လေးလံထိုင်းမိုင်း၊ အားမရှိသလို ဖြစ်နေပါသလား။

ရေနွေးနွေး တစ်ခွက်ထဲကို သံပုရာသီးတစ်ဝက်လောက် ညှစ်ထည့်လိုက်ပြီး၊ ပျားရည်တစ်ဇွန်းလောက်ထည့်လိုက်ပါ။

ရေနွေးနွေးထဲမှာ ပျားရည်ကို ပျော်ဝင်အောင် မွှေလိုက်ပြီး သောက်လိုက်ပါ။

ဒီလို ရိုးရှင်းတဲ့ ပျားရည်၊ သံပုရာရည်တစ်ခွက်က သင့်ကို အံ့သြဖွယ် အကျိုးကျေးဇူးတွေ ပေးစွမ်းနိုင်ပါတယ်။

ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကို ဖယ်ရှားပေး

ခန္ဓာကိုယ်ထဲမှာ မကောင်းတဲ့ ဘက်တီးရီးယားတွေကို ဖယ်ရှားပေးပြီး ဆီးရွှင်၊ဝမ်းကောင်းစေပါတယ်။ ဆီးက ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေ၊ မလိုအပ်တဲ့ ဆားတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

ကိုယ်အလေးချိန် ကျဆင်းစေ

ပါဝင်တဲ့ သတ္တုဓာတ်၊ ဗီတာမင် ဓာတ်တွေက ခန္ဓာကိုယ်ကို အကျိုးပြုပြီး ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပါတယ်။

ချောင်းဆိုးတာကို ကုသပေးနိုင်

ပျားရည်နဲ့ သံပုရာသီးက အအေးမိချောင်းဆိုး၊ အာသီးနာတွေနဲ့ တခြား အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ နုတွေကို သက်သာစေပါတယ်။

ကိုယ်ခံအားစနစ်ကိုလည်း အားကောင်းစေပါတယ်။

ဝက်ခြံ

ပျားရည်မှာ ဗီတာမင် ဓာတ်တွေနဲ့ တခြား ဘက်တီးရီးယားတွေကို တိုက်ဖျက်ပေးတဲ့ဓာတ်တွေပါဝင်တာကြောင့် ဝက်ခြံကို သက်သာ ပျောက်ကင်းစေပါတယ်။