အခုခေတ်မှာ လူတိုင်းဟာ ဖုန်း၊ ကွန်ပျူတာနဲ့ TV တွေကို နေ့စဉ် နီးပါး ကြည့်နေကြသူတွေ များပါတယ်။ ဒီအရာတွေဟာ ကျွန်မတို့ရဲ့ အမြင်အာရုံတွေကို ေ၀ဝါးစေနိုင်ပြီး မျက်ဝန်းရဲ့ အကြည်ဓာတ်ကို ဆုံးရှုံးသွားစေနိုင်ပါတယ်။ မျက်ဝန်းတွေကို ကြည်လင်စေဖို့ ဆိုရင် ပုံမှန် စားပေးရမယ့် အစားအစာတွေ ရှိပါတယ်။

ဟင်းနုနွယ်

ဟင်းနုနွယ်ရွက်ဟာ မျက်လုံးအားကို ကောင်းစေနိုင်ပြီး မျက်လုံးရဲ့ အကြည်ဓာတ်ကို ထိန်းပေးထားနိုင်ပါတယ်။ အာဟာရဓာတ်တွေပါဝင်ပြီး ဗီတာမင်စီနဲ့ဘီတာကရိုတင်း ကြွယ်ဝတဲ့အတွက် မျက်စိကျန်းမာရေးကိုပါ အထောက်အကူ ပြုစေပါတယ်။

မုန်လာဥနီ

ဘီတာကရိုတင်းနဲ့ အင်တီအောက်ဆီးဒင့် ကြွယ်ဝတဲ့ မုန်လာဥနီဟာ မျက်လုံးရဲ့ အမြင်ကို ကြည်လင်စေပြီး မျက်စိအားကို ကောင်းစေနိုင်ပါတယ်။ မျက်ဝန်းကို သဘာဝ အတိုင်း ကြည်ရွှန်းစေနိုင်တဲ့ တစ်ခုပါ။

food for eyes
ကြက်ဥ

ကြက်ဥဟာ မျက်ဝန်းအတွင်း တိမ်စွဲခြင်းကို ကာကွယ်ပေးနိုင်ပြီး မျက်ဝန်းတွေ ကြည်လင်စေဖို့ ကူညီပေးနိုင်ပါတယ်။ Lutein and Zeaxanthin ကြွယ်ဝတာကြောင့် အမြင်အာရုံ ကြည်စေဖို့ကို အားပေးပါတယ်။

မက်မွန်သီး

ဗီတာမင်E ကြွယ်ဝတဲ့ မက်မွန်ဟာ မျက်လုံးအား ကောင်းစေဖို့ အထောက်အကူ ဖြစ်ကြောင်း သုတေသနပညာရှင်တွေက အကြံပေးထားပါတယ်။

ကန်စွန်းဥ

ကန်စွန်းဥမှာ ပါတဲ့ ဘီတာကရိုတင်းဟာ မျက်လုံးအားကောင်းစေဖို့ ကူညီပေးနိုင်ပြီး မျက်ဝန်းလေးရဲ့ အကြည်ဓာတ်ကိုလည်း ရစေပါတယ်။

အစိမ်းရောင် ရှိတဲ့ အသီးအရွက်တွေကို များများစားပေးပြီး အသားထဲမှာ ဆိုရင် ငါးစားပေးပါ။ ငါးကြီးဆီ စားပါ။

Ref: zeenews