သဘာဝအတိုင်း အချိုဓာတ်ပါဝင်လို့ အခြားအသီးအနှံတွေနဲ့ ရောနှောကာ သောက်သုံးလေ့ရှိတဲ့ ပင်မှည့်သီးဟာဆိုရင် ဗီတာမင်စီ၊ အေနှင့် ဖိုက်ဘာ၊ သံဓာတ်၊ မဂ္ဂနီဆီယမ်၊ ဖော့စဖောရပ်စ် စသဖြင့် အာဟာရဓာတ်အမျိုးမျိုး ပေါင်းစပ်ပါဝင်နေပါတယ်။

ဒီလိုမျိုး ပေါကြွယ်ဝတဲ့ အာဟာရဓာတ်တွေကို အပြည့်အဝရရှိလိုတယ်ဆိုရင်တော့ သဘာဝအတိုင်း ပင်မှည့်သီးတစ်မျိုးတည်းနှင့် ပြုလုပ်ထားသည့် ဖျော်ရည်စစ်စစ်ကို သောက်သုံးပေးဖို့တော့ လိုပါမယ်။

Source: healthcare6.in

ပုံမှန်စားသုံးလေ့မရှိတဲ့ ပင်မှည့်သီးကို ဖျော်ရည်အနေနဲ့ သောက်သုံးခြင်းဟာ ဘယ်လိုမျိုး ကောင်းကျိုးအစုံအလင်ကို ပိုင်ဆိုင်ခံစားနိုင်မလဲဆိုတာကို အခုပဲ ကြည့်လိုက်ရအောင်ပါ။

ကိုယ်ခံအားကောင်းစေခြင်း

Source: The Active Times

ပင်မှည့်သီးမှာ ဗီတာမင်စီကြွယ်ဝတာကြောင့် ကိုယ်ခံအားအတွက် အထူးကောင်းမွန်ကာ သွေးဖြူဥများထုတ်လုပ်မှုကို တိုးမြှင့်ပေးနိုင်ပါတယ်။

သွေးပေါင်ကျစေခြင်း

Source: Medical News Today

ဗီတာမင်စီအပြင် ပိုတက်စီယမ်လည်းပါဝင်သေးတာကြောင့် သွေးပေါင်ချိန်ကိုကျစေကာ သွေးကြောကျဉ်းရောဂါများမဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။

အစာအိမ်နာကျင်မှုများကို တိုက်ဖျက်ပေးခြင်း

Source: Eason & Tambornini, A Law Corporation

ပင်မှည့်သီးမှာ အအေးဓာတ်ရှိသည့်အတွက် pH Levels များကို ဟန်ချက်ညီစေပြီး အူရောင်ရမ်းခြင်းကို လျော့ကျစေပါတယ်။

နှလုံးကျန်းမာရေးကို တိုးတက်စေခြင်း

Source: Healthy Magazine

နှလုံးအားကောင်းဖို့နှင့် ကိုလက်စထရောပမာဏတွေ လျော့အောင် ကူညီကာကွယ်ပေးသည့် ဗီတာမင်အေနှင့် ဘီတို့ကို ရရှိနိုင်ရန်အတွက် ပင်မှည့်သီးကို စားသုံးပေးနိုင်ပါတယ်။ သွေးတိုးခြင်းနှင့် စိတ်ဂနာမငြိမ်ဖြစ်ခြင်းတို့ကိုလည်း ကုသပေးနိုင်ပါတယ်။

အရိုးသိပ်သည်းမှုကို မြင့်တက်စေခြင်း

Source: One Health Research

အရိုးသိပ်သည်းမှုကို မြင့်တက်စေရန်အတွက် သံဓာတ်၊ ဖော့စ်ဖောရပ်စ်၊ ကော့ပါးနှင့် ပိုတက်စီယမ်ဓာတ်တို့ကို လိုအပ်ပြီး အရိုးပွခြင်းမဖြစ်စေရန် ပင်မှည့်ဖျော်ရည်ကို မှန်မှန်သောက်သုံးပေးသင့်ပါတယ်။

အခြားသော အကျိုးကျေးဇူးများကတော့-

  • ကိုယ်အလေးချိန်ကျစေခြင်း
  • အသားအရေနှင့် ဆံကေသာလှပေစခြင်း
  • နှစ်ခြိုက်စွာအိပ်ပျော်စေခြင်း
  • အစာခြေအားကောင်းစေခြင်း

Source: www.organicfacts.net