သင်က ဆင်းဒဝှစ်ချ် ကြိုက်နှစ်သက်သူတစ်ယောက်ဆိုရင်တော့ တူနာငါး စားရတာလည်း ကြိုက်နှစ်သက်မယ်လို့ ထင်မိပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အသားညှပ်ပေါင်မုန့်စားတဲ့အခါ အမဲသား၊ ကြက်သားတို့ထက်စာရင် တူနာငါးက ပိုစားကောင်းလို့ပဲဖြစ်ပါတယ်။

ရေချိုငါး၊ ပင်လယ်ငါး အမျိုးမျိုးရှိတဲ့အနက် တူနာငါး ကြိုက်နှစ်သက်သူတွေအတွက် တူနာငါး စားသုံးခြင်းကြောင့် ခံစားရရှိနိုင်မယ့် အကျိုးကျေးဇူးတွေကို ဖော်ပြပေးချင်ပါတယ်။

နှလုံးကျန်းမာရေးအတွက် အထောက်အကူပြုခြင်း

တူနာငါးထဲမှာ အိုမီဂါသရီး ဖက်တိအက်ဆစ်များ ပါဝင်ပါတယ်။ ထိုအက်ဆစ်ဓာတ်က သွေးကြောလေးထဲမှာ ကိုလက်စတောပမာဏများကို ထိန်းညှိပေးဖို့အတွက် တာဝန်ယူထားရတဲ့အတွက်ကြောင့် နှလုံးက ခန္ဓာကိုယ်နေရာအနှံ့သို့ သွေးရောက်ရှိဖို့အတွက် ကောင်းမွန်စွာပို့ဆောင်ပေးနိုင်မှာပဲဖြစ်ပါတယ်။

ကိုယ်အလေးချိန် လျော့ချပေးခြင်း

Tuna

ယနေ့ခေတ်မှာ အဖြစ်အများဆုံးရောဂါတွေထဲက တစ်ခုကတော့ အဝလွန်ရောဂါပဲဖြစ်ပါတယ်။ လူတိုင်းက အရသာရှိတဲ့အစားအသောက်တွေ စားချင်ကြသလို ကိုယ်အလေးချိန် ကျစ်လျစ်ဖို့ကိုလည်း တစ်ချိန်တည်းမှာပဲ စဉ်းစားလာကြပါတယ်။

တူနာငါး စားသုံးခြင်းအားဖြင့် ကယ်လိုရီပမာဏကိုလည်း ထိန်းညှိပေးနိုင်သလို ပရိုတင်းဓာတ်နဲ့ အာဟာရဓာတ်များကို ရရှိမယ့်အပြင် ကောင်းမွန်ထူးကဲတဲ့အရသာကိုလည်း ခံစားရရှိနိုင်မှာပဲဖြစ်ပါတယ်။

အရိုးအဆစ်များကို ကျန်းမာသန်စွမ်းစေခြင်း

တူနာငါးမှာ အရိုးအဆစ်များကို ကျန်းမာကြံ့ခိုင်စေတဲ့ ဗီတာမင်ဘီဓာတ်လည်း ကြွယ်ဝစွာပါဝင်ပါတယ်။ ထိုဗီတာမင်ဓာတ်က အရိုးအဆစ်များကို တစ်စထက်တစ်စ သန်မာစေမယ့်အပြင် ပြင်ပမှ ထိခိုက်ဒဏ်ရာများကိုလည်း ကာကွယ်ပေးနိုင်ပါသေးတယ်။

ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးခြင်း

တူနာငါးမှာ ပါဝင်တဲ့ Antioxidants က ကင်ဆာဆဲလ်များကို တိုက်ဖျက်ပေးနိုင်ပါတယ်။ လေ့လာချက်များအရ တူနာငါး ပုံမှန်စားသုံးပေးပါက ရင်သားကင်ဆာနှင့် ကျောက်ကပ်ကင်ဆာ ဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်တယ်လို့ လေ့လာတွေ့ရှိရပါတယ်။

စွမ်းအင်ဖြည့်တင်းပေးခြင်း

တူနာငါးက သင့်ခန္ဓာကိုယ်ရဲ့ဇီဝကမ္မဖြစ်စဉ်ကို တိုးမြှင့်ပေးရုံသာမကဘဲ သင့်ခန္ဓာကိုယ် တစ်နေ့တာလုံး တက်ကြွလှုပ်ရှားနေဖို့၊ ကျန်းမာလန်းဆန်းနေဖို့အတွက် အလုပ်လုပ်ပေးနေရတဲ့ ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းများကိုလည်း အားဖြည့်ပေးပါတယ်။ ဒါတင်မကသေးပါဘူး ပြင်ပမှာ ရောဂါပိုးမွှားများ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်မလာဖို့ရန်အတွက် ကိုယ်ခံစွမ်းအားကို မြှင့်တင်ပေးပါတယ်။

Source: Food.ndtv.com