လိမ္မော်သီးတွေက မြန်မာပြည်မှာဆိုရင် ရှမ်းပြည်နယ်ကနေ လှိုင်လှိုင်ထွက်ပါတယ်။ ကိုယ့်တိုင်းပြည်မှာ ထွက်ပြီး အလွယ်တကူ ဝယ်စားလို့ရတဲ့ လိမ္မော်သီးရဲ့ အကျိုးကျေးဇူးကိုတော့ လျော့တွက်လို့မရပါဘူးနော်။

ကိုယ်အလေးချိန် ကျဆင်းစေ

လိမ္မော်သီးမှာ အမျှင်ဓာတ်ပါဝင်တာကြောင့် ဗိုက်ပြည့်နေသလို ခံစားရပြီး အစားစားတာနည်းအောင် လုပ်ဆောင်ပေးပါတယ်။

ကယ်လိုရီပါဝင်မှုလည်း အရမ်းနည်းတာကြောင့် အဆာပြေလည်း စားသင့်ပါတယ်။

မျက်လုံးကျန်းမာရေးအတွက် ကောင်းမွန်

လိမ္မော်ရောင် ရှိတဲ့ အသီးတွေနဲ့ ဟင်းသီးဟင်းရွက်တွေက မျက်လုံးကျန်းမာရေးကို အားကောင်းစေပါတယ်။

လိမ္မော်သီးမှာ Flavonoids ဓာတ်ပါဝင်တာကြောင့် မျက်လုံးကျန်းမာရေးအတွက် ကောင်းပါတယ်။

ကိုယ်ခံအားကို ကောင်းစေ

ဗီတာမင် စီဓာတ် ကြွယ်ဝစွာပါဝင်နေတာကြောင့် ကိုယ်ခံအားကို ကောင်းစေပါတယ်။ Folate နဲ့ကော့ပါးဓာတ်တွေက ကိုယ်ခံစနစ်ကို သေချာ ထောက်ပံ့ပေးထားပါတယ်။

ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်ပေး

ဆီးထဲမှာ Citrate ဓာတ်နည်းတာကြောင့် ကျောက်ကပ်မှာ ကျောက်တည်တာတွေ ဖြစ်လာရပါတယ်။ လိမ္မော်သီး ဆီးထဲမှာ Citrate ဓာတ်ကို မြှင့်တင်ပေးပြီး ကျောက်ကပ်မှာ ကျောက်တည်တာကို ကာကွယ်ပေးပါတယ်။

အရွယ်တင်နုပျိုစေ

လိမ္မော်သီးမှာပါဝင်တဲ့ ရေနဲ့ဗီတာမင် စီက အသားအရေကို ရေဓာတ်ပြည့်ဝစေပြီး အသားအရည်ကို တင်းရင်းစေတဲ့ Collagen ဓာတ်တွေလည်း ထုတ်လုပ်ပေးပါတယ်။