အစာမကြေ အော့အန်ပြီး အစာအိမ် ပြဿနာ တက်ခြင်းဟာ ယနေ့ခေတ် လူအတော်များများမှာ ကြုံတွေ့နေရတဲ့ ပြဿနာပါ။ အစာစားချိန် မမှန်တာရယ် အစားအစာတွေကို ဖြစ်သလို စားသုံးတာတွေရယ်ကြောင့် ကြုံတွေ့နေရတဲ့ ပြဿနာဖြစ်ပြီး အသီးအနှံတွေနဲ့ အစားအစာတွေ မလတ်ဆတ်တဲ့အတွက်ကြောင့် မြို့ပြလူနေမှု စနစ်မှာ အစာအိမ်ပြဿနာဟာ များစွာ ကြုံတွေ့ရပါတယ်။

Source: More

ဒါ့အပြင် အဆီ၊ အစပ်နဲ့ အငန်တွေကို အလွန်အကျွံ စားသုံးမိတဲ့ အခါမှာလည်း အစာအိမ်ပြဿနာတွေနဲ့ ကြုံတွေ့ရတတ်ပါတယ်။ အချိုးညီစွာ စားသုံးပြီး ကိုယ်လက်လှုပ်ရှားမှုတွေ ရှိမှသာ ဒီပြဿနာကနေ ရုန်းထွက်နိုင်မှာပါ။ ကျန်းမာစွာ ပြုမှုနေထိုင် စားသုံးခြင်းဟာ ဖြစ်လာမယ့် ကျန်းမာရေး ပြဿနာတွေကို တိုက်ထုတ်နိုင်စွမ်း ရှိပါတယ်။

အချိုးညီစွာ စားသုံးပါ

Source: Purely Inspired

အစားအစာတွေကို စားတဲ့အခါ ဗီတာမင်နဲ့ အမျှင်ဓာတ်တွေကို အချိုးညီစွာ စားသုံးဖို့ လိုပါတယ်။ အသီးအရွက်နဲ့ သစ်သီးတွေဟာ အစာကြေဖျက်အားကို ကောင်းမွန်စေပြီး အူကို ကောင်းကောင်း အလုပ်လုပ်စေပါတယ်။

အစာအိမ်ကို ဒုက္ခပေးစေမယ့် အစားအစာတွေကို ရှောင်ပါ

Source: The New York Times

အဆီ၊ အက်ဆစ်ဓာတ်၊ သကြားနဲ့ အငန်ဓာတ်တွေ အများအပြား ပါဝင်တဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။ ဒါမှမဟုတ် နေ့စဉ်ရက်ဆက် စားသုံးတာ မဟုတ်ဘဲ ဆင်ခြင်စားသုံး သင့်ပါတယ်။ ကာဗွန်နိတ်နဲ့ ကဖိန်းဓာတ်တွေ ပါဝင်တဲ့ အရည်ကိုလည်း အလွန်အကျွံ မသောက်သုံးသင့်ပါဘူး။ street food လို့ ခေါ်တဲ့ အစားအစာတွေကိုလည်း အမြဲ စားသုံးဖို့မသင့်တော်ပါဘူး။

နည်းနည်းနဲ့ မကြာခဏ စားပါ

Source: The Public Opinion

အစားအစာကို တခါတည်း အ၀ စားပစ်လိုက်တာမျိုးကို ရှောင်ပါ။ နည်းနည်းနဲ့ မကြာခဏ စားခြင်းဟာ အစာအိမ်ကို ဝန်မပိစေဘဲ ကောင်းကောင်း အလုပ် လုပ်စေပါတယ်။

ရေသောက်ပါ

Source: Cognisance Sciences

ရေသောက်ခြင်းဟာ အစာကြေစနစ်ကို ကောင်းမွန်စေပြီး အူနံရံတွေကို သန့်ရှင်းစေပါတယ်။ တစ်နေ့ကို အနည်းဆုံး ၂လီတာလောက်တော့ သောက်ပေးသင့်ပါတယ်။

ကိုယ်လက်လှုပ်ရှားမှု တစ်ခုခု လုပ်ပါ

Source: My Home Vitality

အားကစား တစ်ခုခု လုပ်တာမျိုး ဒါမှမဟုတ် အခြား ကိုယ်လက် လှုပ်ရှားမှု လုပ်တာမျိုးတွေကို ပုံမှန် လုပ်ပေးသင့်ပါတယ်။ သွေးလည်ပတ်မှု ကောင်းမွန်စေပြီး အဆီကိုလည်း ကျစေနေတဲ့အတွက် အကျိုးမယုတ်နိုင်စေပါဘူး။

Credit: Salome Phelamei