မင်းဂွတ်သီးမှာ ဗီတာမင်၊ သတ္တုဓာတ်တွေဖြစ်တဲ့ ဗီတာမင် B1, C, Niacin, ကယ်လ်ဆီယမ်၊ အမျှင်ဓာတ်၊ ပရိုတင်းဓာတ်တွေနဲ့တခြားသော အာဟာရဓာတ်တွေ အများကြီးပါဝင်နေပါတယ်။

ကြီးထွားမှု၊ ဖွံ့ဖြိုးမှု စတာတွေကို ထောက်ပံ့ပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။

သွေးလည်ပတ်မှုကို မြှင့်တင်ပေး

မင်းဂွတ်သီးက သွေးလည်ပတ်မှုကိုအားကောင်းစေပြီး နှလုံးကျန်းမာရေးကို မြှင့်တင်ပေးပါတယ်။ သွေးလည်ပတ်မှုကို အားကောင်းစေတာကြောင့် ရင်ဘတ်အောင့်တာတွေ၊ နှလုံးအောင့်တာတွေကို မဖြစ်အောင် ကာကွယ်ပေးပါတယ်။

ကိုယ်အလေးချိန် လျော့ချပေး

အမျှင်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာကြောင့် အစာခြေစနစ်ကို အားကောင်းစေပါတယ်။ ကယ်လိုရီ၊ အဆီဓာတ်တွေနဲ့ကိုလက်စထရော လည်း လုံးဝမပါဝင်ပါဘူး။ ဇီဝကမ္မဖြစ်စဉ်ကို အားကောင်းစေပြီး ကိုယ်အလေးချိန်ကို ကျဆင်းစေပါတယ်။

ရောင်ရမ်းမှုတွေကို လျော့ချပေး

မင်းဂွတ်သီးမှာ ရောင်ရမ်းမှုတွေကို လျော့ချပေးနိုင်တဲ့ ဓာတ်တွေပါဝင်နေပါတယ်။ အလက်ဂျစ်မဖြစ်အောင် ကာကွယ်ပေးနိုင်တဲ့ ကွန်ပေါင်းဓာတ်တွေပါဝင်တာကြောင့် ရောင်ရမ်းမှုကို ပိုပြီး လျော့ချပေးနိုင်ပါတယ်။

ခံတွင်းကျန်းမာရေးကို ကူညီပေး

မင်းဂွတ်သီးမှာပါဝင်တဲ့ အရည်တွေက ခံတွင်းကျန်းမာရေးအတွက် ကောင်းမွန်ကြောင်း လေ့လာချက်တစ်ခုအရသိရပါတယ်။ မင်းဂွတ်သီးရဲ့ အရည်က သွားနဲ့ခံတွင်းမှာ ဝင်ရောက်နေတဲ့ ပိုးမွှားအန္တရာယ်တွေကို လျော့ချပေးနိုင်ပါတယ်။

မျက်စိကျန်းမာရေးအတွက်ကောင်းမွန်

မင်းဂွတ်သီးမှာ ဗီတာမင်စီကြွယ်ဝစွာပါဝင်တာကြောင့် မျက်လုံးမှာ တိမ်စွဲခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ အဲ့ဒီအပြင် သွေးလည်ပတ်မှုကောင်းပြီး မျက်လုံးကို သွေးလုံလောက်စွာပို့နိုင်တာကြောင့် မျက်လုံးကို အားကောင်းစေပါတယ်။