ဝိုင်ကို နည်းနည်းဘဲသောက်ရင် အဆင်ပြေပေမယ့် အများကြီးသောက်ရင်တော့ ကျန်းမာရေးအတွက် မကောင်းပါဘူး။

အထူးသဖြင့် အမျိုးသမီးတွေအတွက် ပိုပြီး ဆိုးကျိုးသက်ရောက်စေနိုင်ပါတယ်။ ဝိုင်ထဲမှာလည်း အရက်လိုဓာတ်မျိုးတွေပါဝင်တာကြောင့် အသည်းကို အလုပ်ပိုလုပ်စေပြီး Estrogen ဓာတ်ကို ကောင်းကောင်း မချေဖျက်နိုင်ပါဘူး။

ရင်သားကင်ဆာဖြစ်နိုင်ချေများ

Estrogen ဓာတ်ဆိုတာ ဓမ္မတာလာမှုကို စောစေသလို နောက်ကျစေသလို၊ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကို ကမောက်ကမဖြစ်စေပါတယ်။ ဒါ့ကြောင့် Estrogen ဓာတ်များလာရင် ကင်ဆာရောဂါကို ပိုဖြစ်စေနိုင်ပါတယ်။ တစ်နေ့ကို ဝိုင်တစ်ခွက်တည်းသောက်ရုံနဲ့ ရင်သားကင်ဆာရောဂါဖြစ်ပွားနိုင်ချေ ၄၀ ရာခိုင်နှုန်းမြင့်မားစေပါတယ်။

ဒါပေမယ့် တခါတလေ ဝိုင်တစ်ခွက်လောက်သောက်တာက ကျန်းမာရေးကိုမထိခိုက်စေပါတယ်။ ဝိုင်နီမှာတောင် Resveratrol ဓာတ်ပါဝင်ပြီး ခန္ဓာကိုယ်ရဲ့ အိုမင်းရင့်ရော်စေတဲ့ Genes တွေသက်ရောက်ပြီး အိုးမင်းရင့်ရော်မှုကို လျော့ချပေးပါတယ်။ ဒါပေမယ့် အရည်အသွေးကောင်းတဲ့ ဝိုင်နီကိုသာ ရွေးချယ်သောက်သုံးသင့်ပါတယ်။

ဝိုင်မှာ ကျန်းမာရေးအတွက်ကောင်းမွန်တဲ့၊ အရွယ်တင်နုပျို၊ ကိုယ်အလေးချိန်ကျဆင်း၊ ဆဲလ်တွေကိုအားကောင်းစေတဲ့ ဓာတ်တွေပါဝင်သလို အသည်းကိုလည်း ထိခိုက်နိုင်ပြီး တခြား ကျန်းမာရေး ဆိုးကျိုးတွေလည်း ရှိပါတယ်။