ရေခဲခြစ်လေးစားလိုက်ရရင်လည်း ရင်ပူတာတွေရော၊ ရေဆာတာတွေပါ ပျောက်သွားတာပဲ။

ဒါပေမယ့် တချို့သူတွေက သာမန်ထက်ရေခဲကို ပိုစားချင်ပြီဆိုရင်တော့ အာဟာရမပြည့်ဝ၊ မလုံလောက်မှုတွေ ခံစားနေရလို့ပါပဲ။ ရေခဲစားတာများရင် သွားကြွေလွှာပျက်စီးတာတွေလည်းဖြစ်နိုင်ပါတယ်။

ဘာကြောင့် ရေခဲစားချင်ကြသလဲ။

သံဓာတ်ချို့တဲ့တာကြောင့်

သွေးထဲမှာ သံဓာတ်လုံလုံလောက်လောက် မရှိတော့တာကို သံဓာတ်ချို့တဲ့တာလို့ခေါ်ပါတယ်။ သံဓာတ်က အနီရောင်ဆဲလ်တွေ တည်ဆောက်ရာမှာ အရေးပါပါတယ်။ အနီရောင်ဆဲလ်တွေမရှိရင် အောက်စီဂျင်ကိုလည်း သွေးက မသယ်ဆောင်နိုင်တော့ပါဘူး။

သံဓာတ်ချို့တဲ့သူတွေက ရေခဲကို ပိုစားချင်ကြပါတယ်။

ရေခဲကို ၁ လကျော်လောက် စားချင်တယ်၊ စားနေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ ပြသဖို့လိုအပ်ပါတယ်။ သင်က ကိုယ်ဝန်ဆောင်နေရသူဆိုရင် ဆရာဝန်နဲ့ချက်ခြင်းသွားတွေ့သင့်ပါတယ်။

ကိုယ်ဝန်ဆောင်စဉ်မှာ ဗီတာမင် ဓာတ်နဲ့ သတ္တုဓာတ်ချို့တဲ့တာကြောင့် ရေခဲစားချင်စိတ်ပိုများနိုင်ပြီး ဒါတွေက ကိုယ်ဝန်ကို ထိခိုက်နိုင်ပါတယ်။

သွားကို ထိခိုက်နိုင်

ရေခဲ အမြဲလိုလို စားချင်နေရင် သွားတွေကို ပျက်စီးနိုင်ပါတယ်။ သွားကြွေလွှာက သွားတွေမှာအမာဆုံးအပိုင်းဖြစ်ပြီး ဒီအပေါ်ဆုံးအလွှာက အောက်ပိုင်းအလွှာတွေကို ကာကွယ်ပေးထားတာပါ။

ရေခဲအမြဲစားရင် သွားကြွေလွှာတွေကို ပျက်စီးနိုင်ပါတယ်။