အသက်အရွယ်တဖြည်းဖြည်း ကြီးရင့်လာတာနဲ့အမျှ ဉာဏ်ပညာနဲ့ အတွေးအခေါ်အမျှော်အမြင်များလည်း တဖြည်းဖြည်း မြင့်မားလာပါတယ်။

ဒါပေမဲ့ အသက်ရွယ်ကြီးရင့်လာခြင်းရဲ့ ဆိုးကျိုးအချို့လည်း ရှိပါသေးတယ်။ အရေးအကြောင်းများ ဖြစ်ပေါ်ခြင်း၊ အသားအရေများ လျော့တွဲလာခြင်း ဆံပင်များ ဖြူဖွေးလာခြင်းကိုတော့ ဘယ်သူမှ သဘောကျမှာမဟုတ်ပါဘူး။

ဂျပန်လူမျိုးတွေကတော့ အသက်အရွယ်ကြီးရင့်လာခြင်းကို ဟန့်တားပြီး အစဉ်အမြဲငယ်ရွယ်နုပျိုနေဖို့အတွက် အခုဖော်ပြပေးမယ့် အစားအစာများကို စားသုံးလေ့ရှိပါတယ်။

Green Tea များများ သောက်ခြင်း

Green Tea များများသောက်ခြင်းက ကင်ဆာရောဂါဖြစ်ပွားခြင်းမှ ကာကွယ်ပေးပြီး နေလောင်ဒဏ်ကြောင့် ဖြစ်ပေါ်ရတဲ့ အသားအရေပျက်စီးခြင်း၊ အရေးအကြောင်းနဲ့ ပါးရေတွန့်ခြင်းတို့ကို ကာကွယ်ပေးနိုင်ပါတယ်။ ဒါ့အပြင် Green Tea မှန်မှန်သောက်ပေးခြင်းအားဖြင့် ကိုယ်အလေးချိန်ကိုလည်း ထိန်းညှိပေးဦးမှာပဲဖြစ်ပါတယ်။

ရေညှိစားခြင်း

ဂျပန်လူမျိုးတွေက အစားစားတိုင်းမှာ ရေညှိထည့်စားလေ့ရှိပါတယ်။ ထိုကဲ့သို့ ရေညှိမှန်မှန်စားခြင်းက နေလောင်ဒဏ်ကြောင့် အသားအရေ ရောင်ရမ်းနီမြန်းခြင်းမှ ကာကွယ်ပေးပြီး အသားအရေကို ဆဲလ်အသစ်များ ပြန်လည်ဖြည့်တင်းပေးမှာပဲဖြစ်ပါတယ်။

သဘာဝပစ္စည်းများ အသုံးပြုပြီး အဆိပ်အတောက်များ ဖယ်ရှားခြင်း

ဂျပန်လူမျိုးတွေက ဓာတုပစ္စည်းများ ပါဝင်တဲ့ မျက်နှာသစ်ဆေးများ၊ အလှကုန်ပစ္စည်းများ အသုံးပြုမယ့်အစား မီးဖိုချောင်ထဲမှာ အဆင်သင့်ရှိတဲ့ အစားအစာများကို အလှအပအတွက် အသုံးပြုလေ့ရှိကြပါတယ်။

ရေ များများသောက်ခြင်း

ရေသောက်ခြင်းက ကျန်းမာရေးအတွက်သာမက အလှအပအတွက်လည်း အထောက်အကူပြုတဲ့ အလေ့အကျင့်ကောင်းတစ်ခုပဲဖြစ်ပါတယ်။ ရေသောက်ခြင်းက ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်များကို ဖြည့်တင်းပေးပြီး အသားအရေခြောက်သွေ့ပျက်စီးခြင်းမှ ကာကွယ်ပေးပြီး အရေးအကြောင်းများ ဖြစ်ပေါ်ခြင်းကိုလည်း နှောင့်နှေးစေပါတယ်။

Source: Organicwelcome.com