သွေးတိုးရောဂါကို ဖြစ်ပွားရတဲ့ အဓိက အကြောင်းအရင်း (၇) ချက်ရှိပါတယ်။ ထိုအချက်များကတော့ ဆေးလိပ်သောက်ခြင်း၊ အဝလွန်ခြင်း၊ ဆားပါဝင်မှုများပြီး အငန်ဓာတ်လွန်ကဲသောအစားအစာများ စားသုံးခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ အသက်အရွယ်ကြီးရင့်ခြင်းနှင့် မျိုးရိုးလိုက်ခြင်းတို့ပဲဖြစ်ပါတယ်။

ထိုရောဂါ ခံစားနေရသူတစ်ယောက်အဖို့ သွေးတိုးရောဂါ ခံစားနေရခြင်းကို မသိဘူးဆိုရင်တောင်မှ မိမိရဲ့နှလုံး၊ ဦးနှောက်၊ မျက်စိနှင့် ကျောက်ကပ်တို့က တဖြည်းဖြည်းပျက်စီးယိုယွင်းလာနေပြီဖြစ်ကြောင်း အချက်ပြပါလိမ့်မယ်။

နောက်ဆက်တွဲအနေနဲ့ နှလုံးရောဂါ၊ ကျောက်ကပ်ရောဂါစတဲ့ ရောဂါဝေဒနာတို့ကို ခံစားရနိုင်ပါတယ်။ ဒါ့ကြောင့် ကျန်းမာပျော်ရွှင်တဲ့ လူနေမှုဘဝကို ပိုင်ဆိုင်ရရှိဖို့အတွက် ကျန်းမာရေးနဲ့ ညီညွှတ်တဲ့ စားသောက်မှုစနစ်ကို လိုက်နာကျင့်သုံးဖို့ လိုအပ်သလို ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း လစဉ် (သို့) နှစ်စဉ် ပြုလုပ်သင့်ပါတယ်။

သွေးတိုးရောဂါ ခံစားနေရသူအနေနဲ့ ဘယ်လိုအစားအစာတွေကို စားသုံးသင့်သလဲ။

ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံများများ စားသုံးသင့်ပါတယ်။ ဗီတာမင်နဲ့ သတ္တုဓာတ်တို့ ကြွယ်ဝစွာပါဝင်တဲ့ အစိမ်းရင့်ရောင် ဟင်းသီးဟင်းရွက်များ၊ ဘယ်ရီသီးများ၊ သကြားမုန်လာ၊ ပန်းသီး စတဲ့ အစားအစာ (၄) မျိုးက သွေးတိုးသမားများအတွက် အသင့်တော်ဆုံးနဲ့ ကျန်းမာရေးနဲ့ အညီညွှတ်ဆုံးအစားအစာတွေပဲဖြစ်ပါတယ်။

သွေးတိုးသမားများ သောက်သုံးသင့်တဲ့ ဖျော်ရည် (၃) မျိုး

သကြားမုန်လာဖျော်ရည်

သကြားမုန်လာ ၃ လုံး၊ ပန်းသီးအစိမ်း ၂ လုံး၊ မုန်လာဥနီ ၃ လုံး၊ တရုတ်နံနံ ၃ ချောင်းတို့ကို အနေတော်အတုံးများ လှီးဖြတ်ပြီးတဲ့နောက်မှာ ဖျော်စက်ထဲထည့်ပြီး သမအောင် ဖျော်ပေးလိုက်ပါ။ ရရှိလာတဲ့ ဖျော်ရည်ကို နေ့စဉ်မှန်မှန်သောက်သုံးနိုင်ပါတယ်။

ဘယ်ရီသီးဖျော်ရည်

ကိုက်လန် အရွက်ကြီး ၅ ရွက်၊ စတော်ဘယ်ရီသီး ပန်းကန်လုံး ၁ ခွက်စာ၊ ဘလူးဘယ်ရီသီး ပန်းကန်လုံး ၁ ခွက်စာနှင့် နာနတ်သီးစိပ် ပန်းကန်လုံး တစ်ဝက်စာတို့ကို ဖျော်စက်ထဲထည့်ကာ အနှစ်များရလာသည်အထိ မွှေဖျော်ပေးလိုက်ပါ။ ထိုဘယ်ရီသီးဖျော်ရည်က ဗီတာမင်နှင့် Antioxidants များ ကြွယ်ဝစွာပါဝင်တဲ့အတွက် သွေးတိုးခြင်းမှ ကာကွယ်ပေးနိုင်ပါတယ်။

ဟင်းနုနွယ် ပန်းသီးဖျော်ရည်

ဟင်းနုနွယ်ရွက် ပန်းကန်လုံး ၁ လုံးစာ၊ ပန်းသီးစိမ်း (သို့) ပန်းသီးအနီ ၂ လလုံး၊ မုန်လာဥနီ ၂ လုံး၊ တရုတ်နံနံ ၂ ချောင်းတို့ကို ဖျော်စက်ထဲထည့်ကာ သမအောင် ဖျော်ပေးလိုက်ပါ။ သံပုယိုသီး ၁ လုံးနှင့် ၁ လက်မပတ်လည် ဂျင်းတုံး တစ်တုံးတို့ကိုလည်း ထပ်ထည့်ပေးနိုင်ပါတယ်။

ထိုသစ်သီးဖျော်ရည်သုံးမျိုးကို နေ့စဉ်မှန်မှန်သောက်သုံးပေးပါက သင့်ရဲ့သွေးတိုးရောဂါကို သက်သာစေမှာဖြစ်ပြီး နှလုံးကျန်းမာရေးအတွက်လည်း အထူးကောင်းမွန်ပါတယ်။

Source: Healthambition.com