ကိုလက်စထရောပါဝင်မှုများတဲ့ ဆီကြော်တွေ၊ ဆီပါဝင်မှုများတဲ့ အစားအစာတွေ၊ အာလူးချောင်းကြော်တွေ၊ ပီဇာတွေ၊ ဟမ်ဘာဂါတွေကို ကြိုက်လို့စားမိကြမှာပါ။

ဒီအစားအစာတွေက ကိုလက်စထရောပါဝင်မှုမြင့်မားပြီး သွေးထဲမှာ အနယ်တွေထိုင်ကာ နှလုံးသွေးကြောကျဉ်းတဲ့ရောဂါတွေနဲ့ တခြား ရောဂါတွေဖြစ်လာနိုင်ပါတယ်။

ကိုလက်စထရောဆိုတာ အသည်းထဲမှာ ထုတ်လုပ်တဲ့ Fatty အက်ဆစ်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေအတွက်လည်း အရေးပါပါတယ်။ ဒါပေမယ့် ပါဝင်တဲ့နှုန်းက မမျှတရင် ခန္ဓာကိုယ်အတွက် အန္တရာယ်ဖြစ်စေပါတယ်။ ကိုလက်စထရောတိုင်းကလည်း ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတာမဟုတ်ပါဘူး။

ခန္ဓာကိုယ်ထဲမှာ ကိုလက်စထရော ပမာဏ မျှတဖို့က အဓိက အရေးကြီးပါတယ်။ ဒါ့ကြောင့် ကိုလက်စထရောပါဝင်မှုများတဲ့ အစားအစာတွေ များများစားသုံးပြီးရင် ဆိုးကျိုးသက်ရောက်မှုနည်းအောင် အောက်ပါအချက်တွေကို လုပ်သင့်ပါတယ်။

၁။ လေ့ကျင့်ခန်း အနည်းငယ်လောက်လုပ်ပါ။

ဆီကြော်တွေ၊ အစားအစာများများစားပြီးရင် ပြင်းပြင်းထန်ထန်လေ့ကျင့်ခန်းလုပ်တာမျိုးမဟုတ်ဘဲ လမ်းလျှောက်တာမျိုးလောက် လုပ်သင့်ပါတယ်။ ဒါက ကယ်လိုရီကို ခါတိုင်းထက်ပိုလောင်ကျွမ်းအောင် ကူညီပေးပါတယ်။

၂။ ရေနွေး သို့ ရေ ပူပူလေးကို သောက်ပါ။

အဆီပါဝင်တဲ့ အစားအစာတွေ အလွယ်တကူ ခန္ဓာကိုယ်ထဲကနေ ဖယ်ရှားနိုင်ဖို့ ရေနွေး သို့ ရေပူပူလေးကို ဖန် တစ်ခွက် သို့ ၂ ခွက် စာလောက်သောက်ပေးပါ။

အသည်း၊ အစာအိမ်၊ အူလမ်းကြောင်းကျန်းမာရေးအတွက်ကောင်းပါတယ်။

၃။ အစာစားပြီးချင်းချင်း တန်းမအိပ်ပါနဲ့။

အိပ်တဲ့အချိန်နဲ့ ညစာစားတဲ့အချိန်ကြားမှာ ၂ နာရီ ကနေ ၃ နာရီကြားလောက် ခြားထားပါ။ ချက်ခြင်း အိပ်ရာတန်းဝင်သွားရင် စွမ်းအင်ကို မသုံးနိုင်တော့ဘဲ ခန္ဓာကိုယ်ထဲမှာ အဆီအဖြစ်ပြောင်းသွားမှာဖြစ်ပါတယ်။

၄။ အဆီပါဝင်မှုများတဲ့ အစားအစာတွေ စားပြီးရင် အေးတဲ့အရာတွေ မစားပါနဲ့။

အဆီပါဝင်မှုများတဲ့ အစားအစာတွေ စားပြီးရင် ရေခဲမုန့်၊ အအေးတွေ မသောက်ပါနဲ့ ၊ မစားပါနဲ့။ အဆီတွေကို အေးခဲစေပြီး အသည်း၊ အစာအိမ်နဲ့ အူလမ်းကြောင်းတွေမှာ အဆီတွေစုလာကာ ကျန်းမာရေးကို ထိခိုက်စေပါတယ်