ပဲဟာ အရသာရှိရုံတင်မကဘဲ အာဟာရပြည့်ဝစေတဲ့ ပဲဖြစ်ပါတယ်။ ပဲဟာ ပဲတွေထဲမှာမှ အမျှင်ဓာတ်ပြည့်ဝတဲ့ အစားအစာတစ်ခုပါ။ ဒါတင်မက ပိုတက်ဆီယမ်၊ မက်ကနီဆီယမ်၊ အိုင်ယွန်းနဲ့ ပရိုတင်းဓာတ်တွေ ပြည့်ဝစေတဲ့အတွက် သတ်သတ်လွတ်သမားတွေအတွက် အသားကနေရစေမယ့် အာဟာရတွေကို ပဲကနေ ရရှိပါတယ်။
ဈေးချိုပြီး အာဟာရပြည့်တဲ့ ပဲမှာ သံဓာတ်တွေလည်း အလုံအလောက် ပါဝင်ပါတယ်။ ကိုယ်ဝန်ဆောင်တစ်ဦး ဖြစ်မယ်ဆိုရင်တော့ လိုအပ်တဲ့ အာဟာရကို ရစေနိုင်ပြီး ကလေးငယ် ကြီးထွားဖို့ ကောင်းကောင်း အထောက်အကူ ဖြစ်စေနိုင်မှာပါ။ ကိုယ်ဝန်ဆောင်နေစဉ် အချိန်မှာ ပဲစားသင့်တဲ့ အကြောင်းပြချက် ၅မျိုး ရှိပါတယ်။
၁။ ကိုယ်ဝန်ဆောင်နေတဲ့အချိန်အတွင်းမှာ ဟီမိုကလိုဘင်ပိုပြီး လုပ်ပေးနိုင်မယ့် သံဓာတ်တွေ လိုအပ်ပါတယ်။ ဒါတွေကို ပဲကနေ ရရှိမှာဖြစ်ပါတယ်။ သံဓာတ်လယ်ဗယ်မြင့်မားတဲ့ ပဲဟာ သဘာဝအတိုင်း အာဟာရကို ပေးစွမ်းပြီး ကလေးငယ်ကိုလည်း ကြီးထွားစေနိုင်ပါတယ်။
၂။ သွေးထဲက ကိုလက်စထရောလယ်ဗယ်ကို ထိန်းထားပေးပြီး ကိုယ်ဝန်သည်တွေ အတွက် အထူးပဲ သင့်တော်ပါတယ်။
၃။ ပဲမှာ အမိုင်နိုအက်ဆစ် ပါဝင်ပြီး မလိုလားအပ်တဲ့ ရောဂါပိုးတွေ မဝင်အောင် ကာကွယ်ပေးနိုင်ပြီး ကိုယ်ခံအား စနစ်ကို ကောင်းမွန်စေနိုင်ပါတယ်။ ကလေး ပုံမှန်ကြီးထွားဖို့ ဆဲလ်တွေကို အကူအညီ
ပေးနိုင်ပြီး မိခင်ကိုလည်း ကျန်းမာစေနိုင်ပါတယ်။
၄။ မနက်တိုင်း ဖြစ်တတ်တဲ့ Morning Sickness ဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။
၅။ ကိုယ်ဝန်ဆောင်နေတဲ့ ကာလတွေမှာ မလိုလားအပ်တဲ့ ကျန်းမာရေး ပြဿနာတွေကို ကာကွယ်ပေးနိုင်ပါလိမ့်မယ်။
Ref: zeenews