အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခါမှာ ဝေမျှပေးချင်တဲ့ အကြောင်းအရာလေးကတော့ ဟင်းချက်ချိန်မှာပဲဖြစ်ဖြစ်၊ ဟင်းချက်ပြီးချိန်မှာပဲဖြစ်ဖြစ် မီးဖိုချောင်မှာ ကြုံတွေ့ရလေ့ရှိတဲ့ ပြဿနာများကို ဖြေရှင်းပေးနိုင်မယ့် နည်းလမ်းကောင်းလေးတွေပဲဖြစ်ပါတယ်။

ဒယ်အိုးများက ဘယ်လောက်ဆေးဆေး စင်ကြယ်မနေဘဲ အဆီတဝင်းဝင်းဖြစ်နေတယ်ဆိုရင်

Source: Lakeland.co.uk

အရင်ဦးဆုံး သံပုယိုသီးတစ်လုံးကို ထက်ခြမ်း ခြမ်းလိုက်ပါ။ ထို့နောက် သံပုယိုသီးတစ်ခြမ်းကို ခက်ရင်းဖြင့် ထိုးထားပါ။ ညစ်ပတ်နေသော ဒယ်အိုးကို မီးအပူပေးပြီးနောက် စောစောက ခက်ရင်းစိုက်ထားသော သံပုယိုသီးဖြင့် ဒယ်အိုးကို ပွတ်တိုက်ပေးလိုက်ပါ။

ထို့နောက် ဒယ်အိုးပေါ်သို့ ဆားဖြူးထည့်ပါ။ ကျန်ရှိနေသော သံပုယိုသီးတစ်ခြမ်း ညှစ်ထည့်ကာ ပန်းကန်ဆေးသောအဖတ်ဖြင့် ပွတ်တိုက်ပေးလိုက်ပါ။ နောက်ဆုံးကျမှ ရေဆေးပေးလိုက်မယ်ဆိုရင်တော့ သင့်ရဲ့ဒယ်အိုးက အသစ်အတိုင်း ပြောင်စင်သွားပါလိမ့်မယ်။

သစ်သီးဖျော်စက်နှင့် အသားကြိတ်စက်တို့ကို ဘယ်လိုသန့်ရှင်းရေး လုပ်ရမလဲ

Source: Mykitchenculture.com

ဖျောစက်၊ ကြိတ်စက်များထဲ ဆပ်ပြာဆီအနည်းငယ် လောင်းထည့်လိုက်ပါ။ ထို့နောက် ရေထည့်ပါ။ ပြီးရင်တော့ ဖျော်စက်ပေါ်တင်ပြီး စက်ဖြင့် မွှေပေးလိုက်ပါ။ နောက်ဆုံးကျမှ ရေဖြင့် စင်ကြယ်အောင် ဆေးကြောလိုက်မယ်ဆိုရင် သင့်ရဲ့သစ်သီးဖျော်စက်လေးက သန့်ရှင်းတောက်ပြောင်သွားပါပြီ။

လက်မှစွဲကပ်နေတဲ့ ကြက်သွန်နီ၊ ကြက်သွန်ဖြူအနံ့ကို ဘယ်လိုဖယ်ရှားရမလဲ

Source: Goodhousekeeping.com

ကြက်သွန်ဖြူ၊ ကြက်သွန်နီ လှီးဖြတ်ပြီးတဲ့အခါ လက်မှပေကျံနေတဲ့အနံ့က တော်တော့်ကိုဆိုးပါတယ်။ ထိုအနံ့ကို ပျောက်ချင်တယ်ဆိုရင်တော့ အာလူးကို ထက်ခြမ်းခြမ်းပြီးနောက် လက်ချောင်းလေးများကို အာလူးနဲ့ ပွတ်တိုက်ကာ ရေဆေးပေးလိုက်ရုံပါပဲ။

ငရုတ်သီး လှီးဖြတ်တဲ့အခါ လက်က စပ်တဲ့ခံစားချက်ကြောင့် စိတ်ညစ်နေပါသလား

Source: Teenytinykitchen.com

ဒါဆိုရင် ငရုတ်သီးမလှီးခင်မှာ လက်ဖဝါးနှစ်ဖက်ကို မုန်ညှင်းဆီ သုတ်လိမ်းပေးလိုက်ပါ။ ဒါဆိုရင်တော့ ငရုတ်သီးကြောင့် လက် စပ်တာမျိုး မဖြစ်တော့ပါဘူး။

သံပုရာသီး၊ သံပုယိုသီးများကို ကြာရှည်အထားခံချင်တယ်ဆိုရင်

Source: Thekitchn.com

သံပုရာသီးတွေကို အများကြီး ဝယ်ထားပြီး ရေခဲသေတ္တာထဲ ထည့်ထားကြည့်လိုက်ပါ။ ၇ ရက်ကြာတဲ့အခါ သံပုရာသီးက ခြောက်ပြီး ပုပ်သွားပါလိမ့်မယ်။

တကယ်လို့ ကြာကြာအထားခံချင်တယ်ဆိုရင် သံပုရာသီး တစ်လုံးချင်းစီကို သတင်းစာစက္ကူဖြင့် ထုပ်ပိုးထားလိုက်ပါ။ ထို့နောက် စက္ကူအိတ် (သို့) ကြွပ်ကြွပ်အိတ်ထဲ ပေါင်းထည့်ပြီးနောက် ရေခဲသေတ္တာထဲ ထည့်သိမ်းထားမယ်ဆိုရင် ကြာရှည်အထားခံပါတယ်။

Source: Artkala