ပုစွန်တွေကို အခွံခွာရမှာ အချိန်ကုန်လို့ စိတ်ညစ်နေပါသလား။ ကြက်သွန်နီတွေကိုလည်း အခွံခွာရတာ အချိန်ကုန်တယ် မြန်မြန်အခွံခွာချင်တယ်။ မှိုတွေကိုလည်း တစ်ခုချင်းစီ မလှီးဘဲ သုံးလေးခု ဆင့်ပြီး လှီးဖြတ်လို့ရမယ်ဆိုရင် လှီးဖြတ်ချင်သူများအတွက် လွယ်ကူပြီး အချိန်ကုန်သက်သာတဲ့ နည်းလမ်းကောင်းလေးများကို ဝေမျှပေးချင်ပါတယ်။

ငါးအရေခွံကို အလွယ်တကူ ခွာချင်ပါသလား

ငါးအရေခွံပေါ်သို့ ရေနွေး ဖျောလိုက်ပါ။ ဒါဆိုရင်တော့ ထိုအရေခွံကို အလွယ်တကူ ဖယ်ရှားလိုက်လို့ရပါပြီ။

ပုစွန်များကို အလွယ်တကူအရေခွံခွာချင်တယ်ဆိုရင်

ပုစွန်ခေါင်းကို အရင်ဆုံး ဖယ်ရှားထားလိုက်ပါ။ ထို့နောက် ခက်ရင်းခွကို အရေခွံထဲကနေ အဆုံးထိ ဖြည်းညှင်းစွာ ထိုးသွင်းပြီးနောက် ဖယ်ရှားလိုက်လို့ရပါတယ်။

ဝက်သားတုတ်ထိုးနှင့် အခြားအသားတုတ်ထိုးများ အလွယ်တကူ ပြုလုပ်နည်း

အအေးဘူးကြီးကို အလယ်တည့်တည့်ကနေ ပိုင်းဖြတ်လိုက်ပါ။

ထို့နောက် အပေါ် ဘူးခွံထဲသို့ ကြိတ်ထားသော အသားများ ထည့်ပါ။ အောက်က ဘူးခွံကို မှောက်ခုံထားလိုက်ပါ။ စောစောက အသားထည့်ထားသော ဘူးခွံကို အပေါ်ကနေ ဆင့်လိုက်ပါ။

ထို့နောက် တုတ်ချောင်းကို အဝကနေ ထိုးထည့်ထားပြီး ဘူးခွံကို တဖြည်းဖြည်း ဖိချလိုက်မယ်ဆိုရင် အသားတုတ်ချောင်းလေး ဖြစ်သွားပါပြီ။

တလည်းသီးကို အလွယ်တကူ အရည်ညှစ်မယ်

အရင်ဦးဆုံး တလည်းသီးကို စဉ်းနီတုံးပေါ်တွင် လှိမ့်ပေးလိုက်ပါ။

ထို့နောက် အသီးအလယ်တည့်တည့်က ချိုင့်ဝင်နေတဲ့ နေရာကို ဓားရာပေးလိုက်ပါ။

ထို့နောက် ထိုသစ်သီးကို ဖန်ပုလင်းထဲသို့ အရည်ညှစ်ချလိုက်မယ်ဆိုရင် စောစောကဓားရာကနေ အရည်များ အလွယ်တကူ စီးကျလာပါလိမ့်မယ်။

ကိတ်မုန့်လှီးဖို့ ဓားမရှိဘူးဆိုရင်

မီးညှပ်လေးနဲ့ ကိတ်မုန့်ကို အလွယ်တကူ လှီးဖြတ်နိုင်ပါတယ်။

မှိုများကို စက္ကန့်ပိုင်းအတွင်း လှီးဖြတ်နိုင်ဖို့

အရင်ဦးဆုံး မှိုတစ်ခုချင်းစီရဲ့ ပင်စည်လေးကို ဖယ်ရှားလိုက်ပါ။ ထို့နောက် မှို ၄ ခု၊ ၅ ခုခန့်ကို တစ်ခုချင်း ထပ်ပြီးနောက် တုတ်ချောင်းဖြင့် ထိုးထားလိုက်ပါ။ ပြီးရင်တော့ ဓားနဲ့ ပါးပါးချင်းစီ လှီးဖြတ်နိုင်ပါပြီ။

ကြက်သွန်နီကို အလွယ်တကူ အခွံခွာချင်တယ်ဆိုရင်

ကြက်သွန်နီကို ထက်ခြမ်း ခြမ်းပြီးနောက် လက်ဖြင့် ထုချလိုက်ရုံပါပဲ။ ဒါဆိုရင်တော့ တစ်လွှာချင်း အခွံခွာနေစရာမလိုဘဲ သူ့ဘာသာ အခွံခွာထားပြီးသွားဖြစ်ပြီပေါ့။

Source: Blossom