အားလုံးပဲ မင်္ဂလာပါနော်။ မီးဖိုချောင်ဆိုတာဟာ မိန်းကလေးတွေပဲ ဝင်ရမယ်လို့ အရင်တုန်းက ရှေးလူကြီးတွေ သတ်မှတ်ထားခဲ့ကြတယ်ဆိုပေမယ့် အခုခေတ်ရောက်လာတဲ့အခါမှာတော့ အမျိုးသားတွေပါ ဝင်ရောက်လာကြပါပြီ။

ဒီလိုမီးဖိုချောင်ထဲကို ဝင်ရတာဟာ ဝါသနာကြောင့်ဖြစ်ဖြစ်၊ အလုပ်ကြောင့်ဖြစ်ဖြစ်၊ မတတ်သာလို့ဖြစ်ဖြစ် မီးဖိုချောင်ထဲဝင်ရတဲ့သူတွေအတွက် မြန်ဆန်လွယ်ကူသက်သာစေမယ့် နည်းလမ်းကောင်းတွေကို ဝေမျှပေးချင်ပါတယ်။

၁။ ထောပတ် မြန်မြန်အရည်ပျော်စေဖို့

ဖန်ခွက်တစ်ခွက်ထဲကို ရေပူပူလောင်းထည့်လိုက်ပြီး ပြန်သွန်လိုက်ပါ။ အပူပေးပြီးသားဖြစ်သွားတဲ့ ဖန်ခွက်ကို ထောပတ်အပေါ်အုပ်လိုက်မယ်ဆိုရင် မိနစ်အနည်းငယ်အတွင်းမှာ အရည်ပျော်သွားပါလိမ့်မယ်။

၂။ သံပုရာသီးအရည်ညှစ်ဖို့

သံပုရာသီးကို အရည်လွယ်လွယ်ညှစ်ချင်ပါက အိမ်မှာရှိတဲ့ ညှပ်ကြီးကြီးကိုယူကာ သံပုရာသီးကို အလယ်မှာထားပြီး ညှစ်လိုက်ပါ။ အရည်တွေ လွယ်လွယ်ထွက်လာပါလိမ့်မယ်။

၃။ စတော်ဘယ်ရီသီးတွေ ကြာရှည်ခံဖို့

စတော်ဘယ်ရီသီးတွေကို ရေခွက်ခြောက်ခွက်၊ ရှာလကာရည်နှစ်ခွက် အချိုးအဆနဲ့ရောစပ်ကာ ၁၀ မိနစ်ကြာ စိမ်ပေးပါ။ ပြီးရင် ရေနဲ့မဆေးဘဲ ဒီအတိုင်းအခြောက်ခံကာ ပြန်ပြီးသိမ်းလိုက်ပါ။

၄။ ဇွန်းတွေချော်မကျအောင်

ဟင်းအိုးမွှေနေရင်းနဲ့ ခဏနားချင်လို့ ဇွန်းလေး ဘောင်ပေါ်တင်လိုက်ရုံပဲရှိသေး၊ ပလုံဆိုပြီး အထဲနစ်မသွားအောင် ဇွန်းရဲ့ထိပ်မှာ သရေပင် စည်းပေးထားလိုက်ပါ။

၅။ ကြက်ဥအခွံလွယ်လွယ်ခွာဖို့

ကြက်ဥခွာတဲ့အခါ ပဲ့ရွံ့ခြင်းမရှိဘဲ စင်းလုံးချောသပ်သပ်ရပ်ရပ်လေးဖြစ်အောင် ကြက်ဥပြုတ်ချိန်မှာ သံပုရာသီးတစ်ခြမ်းထည့်ပေးပါ။

၆။ ပဲတွေအခွံခွာမြန်ဖို့

ပဲမချက်မှီ ပဲတွေရေစိမ်ထားတဲ့ အချိန်ကို မြန်ဆန်စေဖို့အတွက် ရေစိမ်ထားတဲ့ပဲခွက်ကို မိုက်ခရိုဝေ့ဖ်ထဲမှာ ၁၅ မိနစ်အပူပေးပါ။

၇။ အသားနူးညံ့စေဖို့အတွက်

အသားတွေကို ချက်ပြုတ်ပြီး စားသုံးတဲ့အခါမှာ နူးညံ့အိစက်စေဖို့အတွက် ကော်ဖီစေ့တွေနဲ့ ရောစိမ်ပေးပါ။

၈။ အသားပါးပါးလေးကို လွယ်လွယ်လှီးနိုင်ဖို့

အသားကို ပါးပါးလေးတွေ လှီးချင်သူများအနေနဲ့ မလှီးခင် ၁၀-၁၅ မိနစ်လောက် အအေးခံထားမယ်ဆိုရင်တော့ လွယ်လွယ်လေးလှီးနိုင်မှာပါ။

၉။ ဂျင်းအခွံခွာဖို့အတွက်

ဂျင်းအခွံခွာဖို့ ဓားသုံးမယ်ဆိုရင် မတော်တဆ လက်ကိုဓားထိနိုင်တာကြောင့် ဇွန်းကိုအသုံးပြုကြည့်ပါ။ လွယ်လွယ်ခွာနိုင်ပါလိမ့်မယ်။

၁၀။ ကော်ဖီတုံးလေးတွေ

ကော်ဖီမှမဟုတ်ဘဲ အအေးတွေသောက်တဲ့အခါ ရေခဲအရည်ပျော်ပြီး အအေးအရသာပေါ့သွားမှာစိုးသူတွေအနေနဲ့ အအေးတွေ၊ ကော်ဖီတွေကို အရင်ခဲထားပြီးတော့ သောက်သုံးနိုင်ပါတယ်။

Source: thekrazycouponlady.com