တစ်နေ့တာလုံး အားမရှိသလိုဖြစ်နေပြီး အိပ်ချင်နေပါသလား။ ပင်ပန်းနွမ်းနယ်ခြင်းကြောင့် ပျင်းရိခြင်းကို ခံစားတတ်သလို စိတ်ဖိစီးမှု၊ စိတ်ဓာတ်ကျခြင်းတို့ကြောင့်လည်း လူက မသယ်ချင်သလို နှုံးချိနေတတ်ပါတယ်။

ဒီလိုစိတ်ခံစားချက်ကို ဖယ်ရှားဖို့အတွက် သဘာဝဆေးနည်းလေးတွေရှိပါတယ်။ စိတ်ဝင်စားတယ်ဆိုရင်တော့ အတူတူဆက်ဖတ်ကြည့်လိုက်ရအောင်။

ပျားရည် သောက်ပါ

ပင်ပန်းစပြုလာပြီဆိုတာနဲ့ ပျားရည် အနည်းငယ် စားပေးလိုက်ပါ။ ဒါမှမဟုတ် အချိုပွဲတစ်ခုခု၊ ဖျော်ရည်တစ်ခုခု ဖျော်သောက်တဲ့အခါ သကြားအစား ပျားရည် ထည့်ဖျော်လိုက်ပါ။ ဒီနည်းလမ်းကို နေ့တိုင်း ပြုလုပ်ပေးမယ်ဆိုရင်တော့ ပျားရည်က သင့်ကို စွမ်းအင်ဖြည့်ပေးတာကြောင့် ချက်ချင်းတက်ကြွလန်းဆန်းလာမှာပါ။

သံပုယိုရည် သောက်ပါ

သံပုယိုသီး တစ်ခြမ်းကို ရေနွေး တစ်ဖန်ခွက်ထဲ ထည့်ညှစ်လိုက်ပါ။ ထို့နောက် ပျားရည်အနည်းငယ်ထည့်ကာ သမအောင် မွှေပေးလိုက်ပါ။
ရရှိလာတဲ့ ထိုသံပုယိုရည်ကို မနက်စာ မစားခင် အိပ်ရာနိုးတာနဲ့ ချက်ချင်း သောက်သုံးပေးရပါမယ်။ သံပုယိုသီးထဲမှာ ပါဝင်တဲ့ အက်ဆစ်ဓာတ်က ပင်ပန်နွမ်းနယ်မှုကို ကုသပေးပြီး ဗီတာမင်စီဓာတ်ကတော့ စိတ်ဖိစီးမှုတို့ကို ပျောက်ကွယ်အောင် ကူညီပေးနိုင်ပါတယ်။

Green Tea သောက်ပါ

ရေ တစ်ဖန်ခွက်ထဲသို့ Green Tea လက်ဖက်ရည်ဇွန်း ၁ ဇွန်းခန့် ထည့်လိုက်ပါ။ ထို Green Tea ကို အိုးတစ်လုံးထဲထည့်ပြီး ဆူပွက်လာအောင် တည်လိုက်ပါ။ ဆူလာပါက ဖန်ခွက်ထဲ ပြန်ထည့်ကာ ပျားရည်အနည်းငယ်ထည့်ပြီး သောက်သုံးပေးနိုင်ပါတယ်။

Green Tea ကိုတော့ တစ်ရက်ကို နှစ်ကြိမ် ပုံမှန်သောက်ပေးရပါမယ်။ ဒါမှ စိတ်ပင်ပန်းမှုတွေ လေးလံထိုင်းမှိုင်းမှုတွေ ပျောက်ပျက်သွားမှာပါ။

ရေသောက်ပါ

သဘာဝက ပေးအပ်ထားတဲ့ တန်ဖိုးကြီးလက်ဆောင်ကတော့ ရေပဲဖြစ်ပါတယ်။ ရေဓာတ်ခမ်းခြောက်ခြင်းကြောင့်လည်း ပင်ပန်းနွမ်းနယ်မှုကို ခံစားရတတ်တာကြောင့် နည်းနည်းလေး ရေငတ်လာတာနဲ့ ရေများများ သောက်ပေးရပါမယ်။

Source: Stylecraze.com