စတော်ဘယ်ရီ ပေါ်တဲ့ရာသီရောက်နေတာနဲ့ အတော်ပဲ။ စတော်ဘယ်ရီသီးနဲ့ ကီဝီသီးတွေပါတဲ့ ရေခဲချောင်းကို လုပ်စားရအောင်။
ပါဝင်ပစ္စည်းများ (ရေခဲချောင်း ၆ ချောင်းစာအတွက်)
စတော်ဘယ်ရီ ၁ ခွက်စာ
ကီဝီသီး ၁ ခွက်စာ
ရေ တစ်ခွက်ခွဲ
အသုံးပြုရမယ့် ပစ္စည်းများ
ရေခဲချောင်း ထည့်ခဲရမယ့် Popsicle Molds
ပြုလုပ်နည်း
ကီဝီသီးကို အခွံခွာပါ။ စတော်ဘယ်ရီသီးတွေကိုလည်း အညှာတွေ ဖြုတ်ပါ။ ရေဆေးပါ။ ပါးပါးလှီးလိုက်ပါ။
ရေခဲချောင်း မိုထဲကို အသီးတွေထည့်လိုက်ပါ။ ရေထည့်ပါ။ လေလုံအောင် ပိတ်ပါ။ ပြီးရင် ၅ နာရီလောက် ခဲထားပါ။
ခဲနေတဲ့ စတော်ဘယ်ရီ၊ ကီဝီရေခဲချောင်းကို ထုတ်ပြီး စားလို့ရပါပြီ။
Popsicle Molds ကို ဘယ်မှာဝယ်ရမလဲ
မြန်မာနိုင်ငံမှာရှိတဲ့ Shopping Centers တွေ မှာဝယ်ယူလို့မရဘူးဆိုရင် Online Shopping တစ်မျိုးဖြစ်တဲ့ SGShop Myanmar မှာ ဝယ်ယူလို့ပါတယ်။ SGShop Myanmar ကနေ တရုတ်နိုင်ငံမှာရှိတဲ့ ပစ္စည်းတွေကို တိုက်ရိုက်မှာယူနိုင်ပါတယ်။