အားလုံးပဲမင်္ဂလာပါနော်။ ညဖက်မှာ ဗိုက်ဆာတတ်တဲ့အကျင့်ရှိပေမယ့် ဝမှာဆိုးလို့ မစားရဲတဲ့သူတွေအတွက် စိတ်ပူပန်စရာမလိုဘဲ စားသုံးလို့ရတဲ့ သရေစာ မုန့်တွေကို မျှဝေပေးချင်ပါတယ်။

အစားသရဲလေးတွေ အကြိုက်တွေ့ကြမယ်လို့ မျှော်လင့်ပါတယ်နော်။ ဘယ်လိုအစားအစာတွေဖြစ်မလဲဆိုတာ ကြည့်လိုက်ရအောင်ပါ။

၁။ ချိစ်

ချိစ်က ညဉ့်နက်မှ စားလို့အဆင်ပြေပါတယ်။ ပရိုတင်းပါဝင်ပြီး သင့်ကို ဗိုက်ပြည့်စေမှာပါ။ အဆီပါဝင်မှုနည်းတဲ့ ချိစ်ကိုလည်း သုံးဆောင်နိုင်ပါတယ်။

၂။ ဒိန်ချဉ်

ဒိန်ချဉ်ကို ညဉ့်နက်မှ စားလို့လည်း အဆင်ပြေပါတယ်။ ပရိုတင်းဓာတ်ပါဝင်မှုများပြီး အဆီပါဝင်မှုနည်းတဲ့ ဒိန်ချဉ်ကို ရွေးချယ်ပါ။

၃။ ဘီစကစ် (Cracker)

နှံစားသီးနှံနဲ့ လုပ်ထားတဲ့ ဘီစကစ်မုန့်ကို စားသုံးနိုင်ပါတယ်။ ကယ်လိုရီပါဝင်မှုနည်းပါတယ်။ ချိစ်နဲ့ တွဲပြီး သုံးဆောင်လို့ရပါတယ်နော်။

၄။ ပေါက်ပေါက်

ပြောင်းဖူးပေါက်ပေါက်ကိုလည်း ညဖက်သုံးဆောင်နိုင်ပါတယ်။ သကြား၊ အချိုမထည့်ဘဲ ဆား၊ တခြား အသီးအရွက်တွေနဲ့ သုံးဆောင်နိုင်ပါတယ်။

၅။ ဥများ

ကြက်ဥတစ်လုံးမှာ ကယ်လိုရီ ၇၅ ပဲပါဝင်ပြီး ပရိုတင်းဓာတ်ပါဝင်ပါတယ်။ ဒ့ါကြောင့် သင့်ကို ဗိုက်ပြည့်စေမှာပါ။

၆။ အသီးအရွက်များ

အသီးအရွက်တွေက အကောင်းဆုံး အစာပြေအပါပဲ။ မုန်လာဥနီတို့လို အစိမ်းစားလို့ရတဲ့ အသီးအရွက်ကို သုံးဆောင်နိုင်ပါတယ်။

၇။ ငှက်ပျောသီး

ညဖက်မှာ ငှက်ပျောသီးသုံးဆောင်နိုင်ပါတယ်။ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယမ် ပါဝင်ပြီး သင့်ကို ကျန်းမာစေသလို အိပ်ရေးဝစေပါတယ်။

ရှောင်ရန်

ကစီဓာတ်များတဲ့အစားအစာ၊ ပန်းသီး၊ သရက်သီး၊ ပူပူစပ်စပ် အစားအစာ စတာတွေကို ရှောင်ပေးပါ။

Source: www.brightside.me

By: MyFood Myanmar