အိမ်ရှိလူတွေနဲ့ ထမင်းကို အံကိုက် အပိုအလျှံမရှိ ချက်ရတာ မလွယ်ပါဘူး။ အမြဲလိုလို ထမင်းက ကျန်လေ့ရှိပါတယ်။ အဲ့ဒီကျန်တဲ့ထမင်းကို နောက်နေ့မှာ မနက်စာ၊ နေ့လည်စာ ပြန်စားလေ့ရှိပါတယ်။

အဲ့လို ကျန်တဲ့ထမင်းကြမ်းတွေကို စားရင် အစာအဆိပ်သင့်မှုကို ဖြစ်စေနိုင်ပါတယ်။

Uncooked-Rice

မချက်ရသေးတဲ့ဆန်မှာ အစာအဆိပ်သင့်မှုကိုဖြစ်စေတဲ့ Bacillus Cereus ကိုထုတ်လုပ်ပေးနိုင်တဲ့ဆဲလ်တွေပါဝင်ပါတယ်။ Bacillus Cereusက ထမင်းချက်ပြီး ရင်တောင်ရှင်သန်နိုင်ပါတယ်။

Plastic-storage-box-with-handle-storage-refrigerator-fresh-boxed-cereals-rice-flour-storage-box-stackable-storage

ပြဿနာက ထမင်းချက်ပြီး ထမင်းတွေကို အခန်းအပူအချိန်မှာ ထားထားတာပါ။ အစာအဆိပ်သင့်မှုကို ဖြစ်စေတဲ့ ဘက်တီးရီးယားတွေက အခန်းအပူချိန်အတွင်း ပေါက်ဖွားလာပါတယ်။ ဒါကြောင့် နောက်နေ့ထမင်းအကျန်တွေစားတဲ့အခါမှာ အစာအဆိပ်သင့်မှုဖြစ်ရတာပါ။

ricr2011e_2x

ဒါကြောင့် အမေရိကန် အမျိုးသား ကျန်းမာရေး ဌာနက ချက်ပြီးသား ထမင်းကို အခန်းအပူချိန်မှာ ၁ နာရီထက်ပိုပြီး မထားသင့်ဘူးလို့ ဆိုပါတယ်။

စားပြီးချက်ခြင်း ရေခဲသေတ္တာထဲထည့်ပြီး သိမ်းထားရင် အစာအဆိပ်သင့်တာကိုဖြစ်စေနိုင်တဲ့ ပိုးမွှားတွေပေါက်တာကို တားဆီးနိုင်ပါတယ်။

625-fridge_625x350_61433503549