သံပုရာသီးမှာ ဗီတာမင် စီ၊ ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ် နဲ့ ပိုတက်ဆီယမ်ပါဝင်တာကြောင့် အသားအရေ နဲ့ ဆံသား ကျန်းမာရေးအတွက် ကောင်းမွန်ပါတယ်။

ဒါ့ကြောင့် သံပုရာသီးကို နေ့စဉ် ဖျော်ရည်အဖြစ်သောက်ပြီး အသားအရေအပေါ်ကို လိမ်းပေးသင့်ပါတယ်။

ဝက်ခြံနဲ့ အမာရွတ်တွေအတွက်

သံပုရာသီးနဲ့ပွတ်

သံပုရာသီးမှာ L-ascorbic အက်ဆစ်ပါဝင်တာကြောင့် ဝက်ခြံကို အလျင်အမြန် ပျောက်ကင်းစေပါတယ်။ ပါဝင်တဲ့ ဗီတာမင် စီဓာတ်က အသားအရေရဲ့ ကျန်းမာတဲ့ တစ်ရှူးတွေကို မြှင့်တင်ပေးပြီး ဝက်ခြံနဲ့ အစက်အပြောက်တွေကို လျော့ပါးသက်သာစေပါတယ်။

သံပုရာသီးကို ထပ်ခြမ်းခြမ်းလိုက်ပြီး မျက်နှာပေါ်က ဝက်ခြံ နဲ့ အမာရွတ်တွေပေါ်မှာ ပွတ်လိမ်းပေးပါ။  ၅ မိနစ်လောက်ထားပြီးနောက် ရေအေးနဲ့ ဆေးချပါ။

ဝက်ခြံတွေ ပျောက်ဆုံးတဲ့အထိ တစ်နေ့ကို ၂ ခါလောက် ပွတ်တိုက်ပေးပါ။

သံပုရာရည်သောက်

ကျောက်ကပ်မှာရှိတဲ့ ကျောက်တွေကို ကြေစေနိုင်တဲ့ သံပုရာရည်

သံပုရာရည်ကို နေ့စဉ်သောက်ပေးရင် Free Radical တွေ ပျက်စီးမှုကနေ ကာကွယ်ပေးပြီး အသားအရေ pH အဆင့်ကို ထိန်းညှိပေးပါတယ်။