လေးဖက်နာ၊ အရိုးအဆစ် ရောင်ရမ်းနာ၊ ဒူလာ ခေါ် ဂေါက်ရောဂါ၊ အရွတ်အကြောနာ စတဲ့ ဝေဒနာတွေကို ခံစားရလို့ နေရထိုင်ရ ကသိကအောက် ဖြစ်ရသူတွေအတွက် သက်သာစေမယ့် သတင်းကောင်း တစ်ခု ကတော့ သံပုရာခွံရှိဖို့ပဲ လိုပါတယ်။

သံပုရာဆိုတာ ဗစ်တာမင် စီ ကြွယ်ဝတဲ့ ပစ္စည်းဖြစ်ပြီး နေ့စဉ် ခန္ဓာကိယ် အတွက် ဗစ်တာမင်စီ လိုအပ်ချက် က ၃၁ ရာခိုင်နှုန်း ရှိပါတယ် ။  ဗီတာမင်စီရဲ့  ဂုဏ်သတ္တိတွေက ပြောမဆုံးအောင် များလှ သလို သံပုရာသီး၊ သံပုရာခွံရဲ့ ဆေးဖက်ဝင် အစွမ်းတွေကလဲ သုံးမကုန်အောင် ကျယ်ပြန့် လှပါတယ် ။

အဲ့ဒီထဲကမှ အရိုးအဆစ် နာကျင်မှုတွေကို သံပုရာခွံက သက်သာအောင် ထိရောက် စွမ်းဆောင် ပေးနိုင် ပုံကို ကျနော်တို့ ကျန်းမာရေး သတင်းများ ပေ့ချ်ကနေ မျှဝေတင်ပြလိုက်ပါတယ် ။

လိုအပ်တဲ့ ပစ္စည်းတွေကတော့ သံပုရာသီး ၄ လုံးနဲ့ သံလွင်ဆီ တို့ပါပဲ။ တခြားပစ္စည်းတွေကတော့ ပလတ်စတစ်အိတ်၊ ဖန်ဘူး သို့မဟုတ် ဖန်ပုလင်းတလုံး၊ ဂေါ့ဇ်စ ခေါ် ပတ်တီးအကျဲစ၊ သိုးမွေးတဘက် တို့ပါပဲ ။

ဆေးကို ပြင်ဆင်ရမယ့် နည်းလမ်း ကတော့ သံပုရာခွံတွေကို ဖန်ဘူးထဲ ထည့်ပြီး သံလွင်ဆီကို ဖန်ဘူး ထိပ် အထိ ထည့်ပေး ရပါမယ် ။   ပြီးရင်တော့ ဖန်ဘူးကို ပိတ်ပြီး ၂ ပတ်လောက် ထားရမှာပါ ။ အဲလို ထားပြီးရင် ဆေးအဆီ ရလာပါပြီ။   အဲဒီ ဆေးအဆီကို ပတ်တီးစမှာ စိမ် ဆွတ်လိုက်ပြီး နာတဲ့ အရိုး၊ အဆစ်ပေါ်မှာ လိမ်းပါ ။

အဲဒီ ဆေးစိုနေတဲ့ ပတ်တီးစကိုပါ နာတဲ့ နေရာပေါ်မှာ တင်ထားလိုက်ပြီး ပတ်တီးစပေါ်ကနေ ပလတ်စတစ်အိတ် ထပ်ပတ်လိုက်ပါ ။   ပြီးရင် အဲ့ဒီ အပေါ်ကမှ သိုးမွေးတဘက် ထပ်ပတ် ပေးရမှာပါ ။   နည်းကတော့ အဲဒါပါပဲ ။   လွယ်ပါတယ် ။   အဲ့လို လုပ်ပေးရင် ညဖက်လုပ်၊ မနက်ဆို ပျောက်ရော ဆိုပဲ ။   နှစ်ရှည် ခံစားရသူ တွေကတော့ ချက်ချင်း မပျောက်တောင် သက်သာ သွားမှာတော့ အသေအချာ ပါပဲ ။

တချို့ကတော့ ဆေးဖက်ဝင် အစွမ်းစုံတဲ့ သံပုရာခွံကို ဆေးဖြစ် ဝါးဖြစ်ရော ကြိုက်နှစ်သက်လို့ရော စားတတ် ကြပါသေးတယ် ။   သံပုရာခွံဟာ ဗစ်တာမင်စီ ပြည့်၀ လွန်းတာကြောင့် တုပ်ကွေး၊လည်ချောင်းနာ၊ သာမန် အအေးမိတာမျိုးလို ကူးစက်ရောဂါတွေကို ကာကွယ်ပေးနိုင်ပြီး ဝမ်း ပုံမှန် သွားစေတဲ့ ဖိုက်ဘာဓာတ်ကိုလဲ လှုံ့ဆော်ပေးနိုင်ပါတယ်။

သံပုရာခွံမှာ ပါတဲ့ ပိုလီဖှီနော ဖှလေဗာနွိုက် ဆိုတဲ့ဓာတ်က ကိုလက် စထရောကို လျှော့ချပေးပြီး သွေးဖိအား ပမာဏကို ထိန်းသိမ်းပေးနိုင်တဲ့ ပိုတက်စီယမ်လဲ ပါဝင် ပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ် ကနေ ကာဘိုဟိုက်ဒရိတ် ပိုလျှံ ပမာဏကို စုပ်ယူခြင်း ကနေ တားဆီး ပေးနိုင်တဲ့ ပက်တင် ဆိုတဲ့ ဓာတ်လဲ ပါဝင်တာကြောင့် ကိုယ်အလေးချိန် လျှော့ချရာမှာ အထောက်အကူြ ပုနေပြန်ပါရော ။ ဒါကြောင့် ပျားသံပုရာ ဆိုပြီး အခွံပါ ထည့်ရတာ ဖြစ်ပါလိမ့်မယ် ။

သံပုရာခွံမှာ ပါတဲ့ ခရစ်တစ်အက်ဆစ်နဲ့ ဗစ်တာမင်စီကြောင့် အရေပြားပေါ်က အမည်းစက်တွေနဲ့ အိုမင်း ရှုံ့တွမှုကို ဖြစ်စေတဲ့ ဖရီးရက်ဒီကယ်တွေကို တားဆီးရာမှာ အလွန်အမင်းကို အစွမ်းထက် ထိရောက် လှတာကြောင့် အရေပြားရဲ့  အရည်အသွေးကို ထိန်းသိမ်းပေးနိုင်ပါတယ် ။

ကဲ – ကျန်းမာရေးနဲ့ အလှအပအတွက် သံပုရာသီးရော သံပုရာခွံပါ လိမ်းရာ၊ စားသုံးရာမှာ ပုံစံအမျိုးမျိုးနဲ့ အစွမ်းထက် တယ်ဆိုတာ အခု သိသွားပြီ ဆိုမှတော့ နောက်ကျတယ် ဆိုတာ မရှိတော့ပါဘူးလေ ။

စောနွဲ့နေဆိုင်(ပူတာအို)
ကိုးကား – Healthy Food House
Credit to စောနွဲ့နေဆိုင် – ပူတာအို