မနက်မိုးလင်းလာတာနဲ့ ဘာကို သောက်လေ့ရှိသလဲ။ သင်သောက်လေ့ရှိတဲ့ သောက်စရာတွေထဲမှာ သံပရာသီးစိမ်ထားတဲ့ရေမပါရင်တော့ ခန္ဓာကိုယ်လိုအပ်တဲ့ အာဟာရဓာတ်တွေကို အလွယ်တကူရရှိမှာမဟုတ်ပါဘူး။

သံပုရာသီးကို စိမ်သောက်ရင်

သံပုရာသီးမှာ ဗီတာမင်စီ၊ Polyphenols ဓာတ်၊ Antioxidants နဲ့ ဗီတာမင် စီတို့ပါဝင်ပါတယ်။ ပါဝင်တဲ့ Antioxidants ဓာတ်က Free Radicals တွေကို တိုက်ဖျက်ပေးနိုင်ပါတယ်။

အမေရိကန်ပြည်ထောင်စု၊ အာဟာရပညာရှင် Ashley Koff ကတော့ “သံပရာသီးစိမ်ထားတဲ့ ရေကို ဘယ်အချိန်ဘဲ သောက်သောက် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့အာဟာရဓာတ်တွေကို ရရှိနိုင်ပါတယ်” လို့ ပြောပါတယ်။

ရေက ခန္ဓာကိုယ်ရဲ့ ဆဲလ်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ်တွေကို သယ်ဆောင်ပေးနိုင်ပြီး စွန့်ပစ်ပစ္စည်းတွေကို ဖယ်ရှားပေးပါတယ်။

Koff က “ရေထဲကို သံပုရာသီးထည့်လိုက်ရင် အယ်ကာလိုင်းဓာတ်ပိုရလာပြီး အစာခြေစနစ်အတွက် ကောင်းမွန်ကာ ကောင်းမွန်တဲ့ ဘက်တီးရီးယားတွေကို ပိုရစေပါတယ်”လို့ ပြောပါတယ်။

အဲ့ဒီအပြင် ကြွက်သားလုပ်ဆောင်မှုတွေ၊ အစာခြေစနစ်တွေကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်ကိုလည်း လျော့ချပေးပါတယ်။

ဘာကြောင့် မနက်ခင်းမှာ သောက်ရင် ပိုအကျိုးထူးသလဲ

၈ နာရီလောက် ဘာမှမစားမသောက်ဘဲ အိပ်လေ့ရှိတာကြောင့် မနက်ခင်းမှာ အိပ်ယာနိုးချိန်မှာ ခန္ဓာကိုယ်က ရေဓာတ်ခမ်းခြောက်နေပါတယ်။ ဒါ့ကြောင့် နေ့တစ်နေ့ကို ဗီတာမင်စီ အပြည့်ရှိတဲ့ သံပုရာ သီးစိမ်ထားတဲ့ ရေနဲ့ သောက်ပြီး စတင်ရင် အားအင်အပြည့်နဲ့ စတင်နိုင်မှာဖြစ်ပါတယ်။