အခုခေတ် လူတွေဟာ အစားအသောက်ကို ကြုံသလို စားကြပြီး အချိန်မပေးနိုင်တဲ့လူတွေ များလာတဲ့အတွက် အပြင်စာတွေကိုပဲ စားကြတာတဖြည်းဖြည်း များလာပါတယ်။ သတိမထားမိစေတဲ့ အချိန်တွေမှာပဲ အသည်းတွေဟာ ထိခိုက်လာရပါတယ်။

အသည်းအတွက်ကောင်းမွန်တဲ့ အစားအသောက်ရယ်လို့ သီးခြားမရှိပေမယ့် Healthy Eating ဖြစ်အောင် စားခြင်းဖြင့် အသည်းကို ကာကွယ်နိုင်ပါတယ်။ သွေးထဲက အဆီဓာတ်တွေကို လျှော့ချပေးပြီး အစာချေစနစ်ကို ကောင်းမွန်အောင် စားသုံးပေးရင် အသည်းအတွက်ပါ ကောင်းမွန်နိုင်ပါတယ်။

အသည်းဟာ ကိုယ်ထဲမှာ ရှိတဲ့ ဒုတိယအကြီးဆုံး အစိတ်အပိုင်းတစ်ခုပဲ ဖြစ်ပါတယ်။ အသည်းဟာ ဘယ်အရာ နာရီလက်တံအတိုင်း အလုပ်လုပ်ပြီး
ကိုယ်ထဲမှာ ရှိတဲ့ တခြား အစိတ်အပိုင်းတွေကိုပါ ကောင်းမွန်စေဖို့ လုပ်ဆောင်ပေးရတဲ့သူပဲ ဖြစ်ပါတယ်။ ဒီလို အရေးပါတဲ့ အသည်းအတွက် အထောက်အကူပြုစေဖို့ ကျန်းမာစေတဲ့ အစားအသောက် တစ်ချို့ကို မျှဝေပေးချင်ပါတယ်။

၁။ Lemon

လီမွန်လို့ ခေါ်တဲ့ သံပုယိုသီးဟာ အသည်းအတွက် ကောင်းမွန်စေမယ့် အသီးတစ်မျိုးပါ။ လီမွန်ဟာ သဘာဝအတိုင်း သန့်ရှင်းရေးပြုလုပ်ပေးတဲ့ အီးဖြစ်ပြီး Antioxidants ကြွယ်ဝစွာ ပေးတဲ့ အသီးဆိုလည်း မမှားပါဘူး။ ဗီတာမင် စီပါဝင်ပြီး ရေခပ်နွေးနွေးမှာ သံပုယိုသီး တစ်ခြမ်းညှစ်ထည့်သောက်ခြင်းဟာ အသည်းအတွက် အဖိုးမဖြတ်နိုင်တဲ့ ဆေးတစ်ခွက်ပါ။

၂။ နနွင်း

အသည်းကျန်းမာရေးကို ကောင်းမွန်စေမယ့် နောက်တစ်မျိုးကတော့ နနွင်းပါ။ မနက် ဘာမှမစားခင် နနွင်းကို မန်ကျည်းစေ့လောက် ပမာဏကို စားပေးရင် တစ်နေ့လုံး အစာကြေစနစ်ကို ကောင်းမွန်စေပြီး အသည်းရဲ့ လုပ်ဆောင်ချက်တွေကို အနှောင့်အယှက် မပေးဘဲ ချောမွေ့ဖို့ ကကူညီပါတယ်။

၃။ ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ ကျန်းမာရေး အထောက်အကူပြုတဲ့ အစားအစာ ဆိုတာ သိကြမှာပါ။ ကြက်သွန်ဖြူဟာ ကိုယ်ထဲက အဆိပ်တွေကို ထုတ်ပစ်နိုင်တဲ့ အစွမ်းရှိပြီး အသည်းအတွက်လည်း ကောင်းမွန်စေပါတယ်။ ကြက်သွန်ဖြူမှာ Allicin နဲ့ Selenium တို့ ကြွယ်ဝစွာ ပါဝင်ပြီး အာဟာရပညာရှင်တွေကတော့ အသည်းအတွက် ကူညီပေးတယ်လို့ ထောက်ခံထားကြပါတယ်။ သူက သွေးထဲမှာ ရှိတဲ့ အကောင်းတဲ့ အဆီတွေကို သန့်ရှင်းပေးပါတယ်။

၄။ ပန်းပွင့်စိမ်း

Broccoli လို့ ခေါ်တဲ့ ပန်းစိမ်းဟာ နူးညံ့တဲ့ အရသာ ရှိပြီး ကျန်းမာစေတဲ့ အသီးအနှံတစ်မျိုးပါ။ တစ်ပတ်မှာ ၃-၅ကြိမ် စားပေးမယ်ဆိုရင် အသည်းကင်ဆာဖြစ်စေမယ့် အလားအလာ အတော်များများ လျော့သွားနိုင်ပါတယ်။ သူ့မှာ ကယ်လ်ဆီယမ်၊ ပိုတက်ဆီယမ်၊ ဖော့လစ်၊ အမျှင်ဓာတ်နဲ့ ဗီတာမင် ဓာတ်ပေါင်းစု ပါဝင်နေပါတယ်။ အထူးသဖြင့် Antioxidant နဲ့ ဗီတာမင် အေနဲ့ စီတို့ဟာ အသည်းအတွက် အရေးကြီး လိုအပ်တဲ့ အရာတွေပါပဲ။

Credit: zeenews